(နိုင်ငံတကာ) ဧပြီ ၁
အစ္စရေးစစ်တပ်က လီဘနွန်တောင်ပိုင်းသို့ မြေပြင်ကျူးကျော်စစ်ကို အရှိန်မြှင့်တင်ပြီး နယ်မြေသိမ်းပိုက်ရန် ကြိုးပမ်းနေမှုအပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာ ကန့်ကွက်လိုက်ပြီး၊ လီဘနွန်နိုင်ငံအား “ဒုတိယ ဂါဇာ” (Another Gaza) အဖြစ် အသွင်ကူးပြောင်းသွားမည့်အရေးကို လက်မခံနိုင်ကြောင်းနှင့် အစ္စရေးတပ်များ ချက်ချင်းဆုတ်ခွာရန် ကုလသမဂ္ဂတွင် တောင်းဆိုလိုက်သည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်ကိုယ်စားလှယ်အဖွဲ့က လီဘနွန်၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေးကို လေးစားရန် အစ္စရေးကို တိုက် တွန်းခဲ့သည်။ “လီဘနွန်ဟာ နောက်ထပ် ဂါဇာတစ်ခု ဖြစ်မလာစေရပါဘူး။ အစ္စရေးတပ်တွေအနေနဲ့ လီဘနွန်ပိုင်နက်အတွင်းကနေ အပြည့်အဝနဲ့ ချက်ချင်း ပြန် လည်ဆုတ်ခွာပေးဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု တရုတ်ကိုယ်စားလှယ်က ပြောကြားခဲ့သည်။ ဤသည် မှာ အရှေ့အလယ်ပိုင်းစစ်ပွဲတွင် တရုတ်နိုင်ငံ၏ အပြင်းထန်ဆုံး သတိပေးချက်တစ်ခု ဖြစ်လာသည်။
လက်ရှိတွင် အစ္စရေးသည် လီဘနွန်နိုင်ငံ၏ စုစု ပေါင်းဧရိယာ ဆယ်ပုံတစ်ပုံခန့်ရှိသော လီဘနွန်တောင်ပိုင်း၊ လီတာနီမြစ်(Litani River)အထိ နယ်မြေများကို ထိန်း ချုပ်ကာ “လုံခြုံရေးနယ်မြေ” (Security Zone) အဖြစ် သတ်မှတ်ရန် ကြိုးပမ်းနေသည်။ အဆိုပါဒေသရှိ အခြေ ခံအဆောက်အအုံများကို စနစ်တကျ ဖျက်ဆီးနေခြင်းသည် ဂါဇာကမ်းမြောင်ဒေသတွင် ကျင့်သုံးခဲ့သည့် ဗျူဟာအတိုင်း ဖြစ်နေခြင်းကြောင့် နိုင်ငံတကာက အထူးစိုးရိမ်နေကြသည်။
အစ္စရေးစစ်တပ်သည် လီဘနွန်တောင်ပိုင်းရှိ တံတားများ၊ လမ်းမများနှင့် လူနေအဆောက်အအုံများကို ပစ် မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ ၁ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီဖြစ်သည်။ ဒိန်းမတ်အပါအဝင် ဥရောပနိုင်ငံအချို့ကလည်း လီတာနီမြစ်အနီးရှိ ပြည်သူများ၏ ဘေး အန္တရာယ်အတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားထားပြီး၊ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများသည် အပြစ်မဲ့ပြည်သူများကိုပါ ထိခိုက်စေနေကြောင်း ဝေဖန်နေကြသည်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ သည် အစ္စရေးအနေဖြင့် လီဘနွန်၏ အချုပ် အခြာအာဏာကို လေးစားရန်နှင့် အပစ်အခတ်ရပ်စဲရေးသို့ ပြန်လည်ဦးတည်ရန် ဖိအားပေး တိုက်တွန်းနေကြသည်။တရုတ်နိုင်ငံ၏ ယခုတောင်းဆိုချက်သည် အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ စစ်ရေးသြဇာလွှမ်းမိုးမှုကို စိန်ခေါ်လိုက်ခြင်းဖြစ်သလို၊ လီဘနွန်အရေးတွင် နိုင်ငံတကာ၏ စုပေါင်းဖိအားကို ပိုမိုမြင့်တက်စေခဲ့သည်။
#InternationalNews #China #Israel #Lebanon #Gaza #UnitedNations #MiddleEastConflict
#PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN