“အီရန်ပြည်တွင်းစစ်ပွဲတွင် ကာ့ဒ်တပ်ဖွဲ့များကို အသုံးချမှုကို လက်ခံမည်မဟုတ်” – တူရကီသမ္မတ အာဒိုဂန် ပြင်းပြင်းထန်ထန် သတိပေး

(နိုင်ငံတကာ) မတ် ၃၁

     တူရကီသမ္မတ ရီဂျပ် တိုင်ယစ် အာဒိုဂန် (Recep Tayyip Erdoğan) က အီရန်နှင့်ဖြစ်ပွားနိုင်ခြေရှိသော စစ်ပွဲအတွင်း ကာ့ဒ် (Kurdish) လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးချလာမည့်အရေးကို တူရကီအနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း သတိပေးလိုက်သည်။ အီရန်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ရန်အတွက် အန်ကာရာ (တူရကီအစိုးရ) အနေဖြင့် စစ်ရေးအရ ဝင်ရောက်စွက်ဖက်ရန်အထိ ပြင်ဆင်ထားကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

     တူရကီအစိုးရသည် အဆိုပါ အစီအစဉ်များကို “Fitna” (ဖစ်သ်နာ – ဒေသတွင်း သွေးခွဲသပ်လျှိုမှု) ဟု ရှုမြင်ထားပြီး ဒေသတွင်း တည်ငြိမ်ရေးကို ခြိမ်း ခြောက်နေသည်ဟု ယူဆထားသည်။ အစ္စရေး သို့မဟုတ် အမေရိကန်၏ လက်ဝေခံအဖြစ် လှုပ်ရှားနေသော ကာ့ဒ်အုပ်စုများကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း DailySabahAsharq Al-Awsat နှင့် Ynetnews သတင်းဌာနများ ၏ ဖော်ပြချက်အရ သိရသည်။

     တူရကီသမ္မတ အာဒိုဂန်က အီရန်၊ အစ္စရေးနှင့် အမေရိကန်တို့အကြား ဖြစ်ပွားနေသည့် စစ်ပွဲအတွင်း တူရကီအနေဖြင့် ပါဝင်ပတ်သက်သွားမည်မဟုတ်ကြောင်းနှင့် ငြိမ်းချမ်းရေးအတွက်သာ ရပ်တည်သွားမည်ဖြစ် ကြောင်း အတိအလင်း ပြောကြားထားသည်။

     တူရကီ၏ အဓိကစိုးရိမ်မှုမှာ အီရန်ရှိ ကာ့ဒ်လူမျိုးများအပါအဝင် ဒေသတွင်းရှိ ကာ့ဒ်တပ်ဖွဲ့များ အင်အားကောင်းလာမည်ကိုပင် ဖြစ်သည်။ ထိုသို့ အင်အားကောင်းလာခြင်းက တူရကီနိုင်ငံပိုင်နက်အတွင်းရှိ ကာ့ဒ်ခွဲထွက်ရေးလှုပ်ရှားမှုများကိုပါ မီးထိုးပေးသကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

     လွှမ်းမိုးမှုအတွက် အမြဲတမ်း ပြိုင်ဆိုင်နေကြသော် လည်း “ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ကို ကန့်သတ်ရန်ဟူသည့် ဘုံရည်မှန်းချက်တွင်မူ တူညီနေကြသည်။ ထို့ကြောင့် အီရန်ကို အားနည်းသွားစေရန်အတွက် ကာ့ဒ်အဖွဲ့များကို လက်နက်တပ်ဆင်ပေးမည့် မည်သည့်အစီအစဉ်ကိုမဆို တူရကီက ထောက်ခံမည်မဟုတ်ပေ။

     အာဒိုဂန်က အီရန်နိုင်ငံ ပြိုကွဲသွားစေမည့် မည်သည့်လုပ်ရပ်ကိုမဆို တူရကီက လက်ခံမည်မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ ၎င်းက “အီရန်ရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုဟာ ဒေသတွင်း တည် ငြိမ်ရေးအတွက် အဓိကကျပါတယ်။ အီရန်ကို အပိုင်း ပိုင်းပြတ်အောင် လုပ်မယ့် ဘယ်လိုအစီအစဉ်မျိုးကိုမဆို ကျွန်ုပ်တို့က စစ်ရေးအရပါ တားဆီးသွားဖို့ အသင့်ရှိနေပါတယ်” ဟု ဆိုခဲ့သည်။

     အာဒိုဂန်၏ အဓိကစိုးရိမ်မှုမှာ အီရန်ရှိ ကာ့ဒ်အင်အားစုများ အားကောင်းလာပါက တူရကီနယ်စပ်ရှိ ကာ့ဒ်ခွဲထွက်ရေးအုပ်စုများ (PKK/YPG) ကိုပါ ကူးစက်လာမည်ဖြစ်ခြင်းဖြစ်သည်။ ၎င်းက “အီရန်မှာ ကာ့ဒ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေါ်ပေါက်လာတာဟာ တူရကီရဲ့ တောင်ဘက်နယ်စပ်မှာ ‘အကြမ်းဖက်စင်္ကြံ (Terror Corridor) တစ်ခုကို အားပေးလိုက်သလို ဖြစ်ပါလိမ့်မယ်။ ဒါကို ကျွန်ုပ်တို့က ဘယ်တော့မှ ခွင့်ပြုမှာမဟုတ်ဘူး” ဟု အလေးအနက် ပြောကြားခဲ့သည်။ တူရကီသည် အီရန်ဘက်မှ ရပ်တည်ကာ အစ္စရေးကို တိုက်ခိုက်ပေးမည်ထက်၊ စစ်ပွဲကူးစက်မလာအောင်သာ အဓိကထားမည် ဖြစ်သည်။

     အာဒိုဂန်သည် နေတန်ယာဟု၏ “Regime Change” (အစိုးရဖြုတ်ချရေး) ဗျူဟာကိုလည်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ အီရန်ပြည်သူများကို လမ်းပေါ်ထွက်ခိုင်းခြင်းသည် သွေးချောင်းစီးစေမည့် လုပ်ရပ်ဖြစ်ပြီး၊ ဒေသတွင်းကို ဖရိုဖရဲဖြစ်အောင် တမင်ဖန်တီးနေခြင်းဖြစ်ကြောင်း ၎င်းက စွပ်စွဲပြောကြားခဲ့သည်။

​#ErdoganWarning #TurkeyIranPolicy #KurdishIssue #RegionalSecurity #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN

9 thoughts on ““အီရန်ပြည်တွင်းစစ်ပွဲတွင် ကာ့ဒ်တပ်ဖွဲ့များကို အသုံးချမှုကို လက်ခံမည်မဟုတ်” – တူရကီသမ္မတ အာဒိုဂန် ပြင်းပြင်းထန်ထန် သတိပေး

  1. Pingback: amoxicillin
  2. Pingback: minoxidil pills
  3. Pingback: cheap cialis india

Comments are closed.