အမြန်လမ်း ယာဥ်တိမ်းမှောက်မှုကြောင့် ဘုန်းကြီး ၁ပါးအပါဝင် ၄ဦးသေဆုံး၊ ၁ဦး ဒဏ်ရာရ

(မှုခင်း) မတ် ၂၈

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၈/၄)တွင် ယနေ့နံနက်၆နာရီအချိန်က ယာဉ် ၁စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ယာဥ်တိမ်းမှောက်သည့် နေရာသို့ပန်းတင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပေးခဲ့ရကြောင်း သိရသည်။ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ဘုန်းကြီး ၁ပါး၊ ကျား၃ဦးနှင့် မ ၁ဦး စုစုပေါင်း ၅ဦးအနက် အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ဘုန်းကြီး(၁)ပါးနှင့် ကလေး၂ဦး (ကျား)တို့ အခင်းဖြစ်နေရာတွင်သေဆုံးသွားကြောင်း သိရသည်။အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူတို့အား မိုးစွေလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ကူညီပို့ဆောင်ပေးကြောင်း ထိခိုက်ဒဏ်ရာရရှိသူ ၂ဦးအနက် အမျိုးသမီး ၁ဦးသည် ဆေးရုံသို့ ပို့ဆောင်စဥ် ထပ်မံသေဆုံးသွားကြောင်း သိရသည်။