အမေရိကန် စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး” ကို ချိုးဖောက်၊ အီရန်တိုက်ခိုက်မှုကြောင့် ကမ်းထိုးရေယာဉ်၃ စီး နစ်မြုပ်ပြီး F-16 တစ်စီး ပျက်ကျခဲ့

(နိုင်ငံတကာ)မတ် ၂၈

    အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့ကိုယ်တိုင် ထုတ်ပြန်ထားသည့် စွမ်းအင်ဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကာ အီရန်နိုင်ငံအတွင်းရှိ စက် မှုဇုန်များနှင့် ခွန်ဒပ်ဘ် (Khondab) ရှိ လေးလံသောရေထုတ်လုပ်သည့်စက်ရုံ (Heavy Water Plant) အပါ အဝင် အရေးပါသော နျူကလီးယားအဆောက် အအုံများကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။

     အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် ၈၄ ကြိမ်မြောက် ဒရုန်းနှင့် ဒုံးကျည်လှိုင်းများကို အသုံးပြု ၍ အမေရိကန် ရေတပ်စခန်းတစ်ခုကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အမေရိကန် ကမ်းထိုးရေယာဉ် (LCU) ၃ စီး နစ်မြုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။ ဤတိုက်ခိုက်မှုသည် အယ်လ်-ရှုယွတ်ခ် (Al-Shuyukh) ဆိပ်ကမ်းနှင့် ဒူဘိုင်း (Dubai) ကမ်းရိုးတန်းတစ်လျှောက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

     အီရန်အလယ်ပိုင်းတွင် အမေရိကန်၏ F-16 တိုက် လေယာဉ်တစ်စီး ထပ်မံပစ်ချခံခဲ့ရပြီး၊ အဆိုပါ လေယာဉ်မှာ ယူကရိန်းစစ်ပွဲတွင်ကဲ့သို့ပင် စွမ်းဆောင်ရည် အသင့်အတင့်သာရှိကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ ထို့အပြင် အစ္စရေးနိုင်ငံအတွင်းရှိ နေရာ ၁၁ ခုထက်မနည်း တိုက်ခိုက်ခံခဲ့ရပြီး အထူး သဖြင့် တယ်အဗစ် (Tel Aviv) မြို့မှာ အပြင်းအထန် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်။

     အမေရိကန်သမ္မတက အီရန်အတွင်းရှိ ပစ်မှတ်ပေါင်း ၁၁,၀၀၀ ကို တိုက်ခိုက်ပြီးဖြစ်သော်လည်း တိုက်ခိုက်ရန် ပစ်မှတ် ၃,၅၀၀ ခန့် ကျန်ရှိနေသေးကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အီရန်၏ စစ်အင်အားနှင့် ဒုံးကျည်တပ်ဖွဲ့များမှာ ပျက်စီးခြင်းမရှိဘဲ နဂိုအတိုင်း ရှိနေဆဲဖြစ်ကြောင်း အမေရိကန်ဘက်ကပင် ဝန်ခံထားသည်။ တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေးဗီးယားရှိ အမေရိကန်၏ ပရင့်စ်ဆူလ်တန် (Prince Sultan) လေတပ်စခန်းမှာလည်း အကြီး အကျယ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။

     အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ထုတ်ပြန်ချက်အရ “True Promise 4” စစ်ဆင်ရေး၏ ၈၄ ကြိမ်မြောက် လှိုင်းအဖြစ် ‘Yaman Hu Shadid Al-Aqab’ ဟူသော သာသနာရေးဆိုင်ရာ အထိမ်းအမှတ်သင်္ကေတဖြင့် အစ္စရေး-အမေရိကန် ပူးပေါင်းတပ်ဖွဲ့များကို အပြင်းအထန် တိုက်ခိုက်ခဲ့သည်။ ဤစစ်ဆင် ရေးကို အီရန်တော်လှန်ရေးအား ထောက်ခံကြသည့် အနုပညာရှင်များနှင့် ကျော်ကြားသူများကို ဂုဏ်ပြုသောအားဖြင့် ရည်ညွှန်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

    အီရန်ရေတပ်သည် အယ်လ်-ရှုယွတ်ခ် (Al-Shuyukh) ဆိပ်ကမ်းနှင့် ဒူဘိုင်း (Dubai) ကမ်းရိုးတန်းတစ်လျှောက်ရှိ အမေရိကန်စစ်သည်များနှင့် စစ်လက် နက်ပစ္စည်းများကို ပစ်မှတ်ထား၍ ပူးပေါင်းစစ်ဆင် ရေးတစ်ရပ် ဆင်နွှဲခဲ့သည်။

​     အီရန်ဖက်မှ Qadr-380 ဘော်လစ်စတစ်ဒုံးကျည်များနှင့် ခရုစ်ဒုံးကျည် (Cruise Missiles) များကို အသုံးပြုခဲ့သည်။အယ်လ်-ရှုယွတ်ခ် ဆိပ်ကမ်းရှိ အမေရိကန် ကမ်းထိုး ရေယာဉ် (LCU) ၆ စီးကို တိုက်ရိုက်ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့သည်။ မြေပြင်သတင်းပေးပို့ချက်များအရ အဆိုပါ စစ်ရေယာဉ်များထဲမှ ၃ စီးမှာ တိုက်ခိုက်ခံရပြီးနောက် နစ်မြုပ်သွားခဲ့ပြီး ကျန်ရှိသော ရေယာဉ်များမှာလည်း မီးလောင်ပျက်စီးလျက်ရှိသည်။ ဤတိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သည် အမြောက် အမြား သေဆုံးခဲ့ကြောင်းလည်း အီရန် ဘက်က ဆိုသည်။

     တစ်ချိန်တည်းမှာပင် အီရန်တပ်ဖွဲ့များသည် လူမဲ့လေယာဉ် (ဒရုန်း)များ အသုံးပြု၍ အမေရိကန် ဒရုန်းတပ်ဖွဲ့မှ အရာရှိများ စုဝေးရာနေရာများကို တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် ဒူဘိုင်း (Dubai) ကမ်း ခြေနှင့် ဟိုတယ်တစ်ခုအတွင်းရှိ အမေရိကန် ဒရုန်းတပ်ဖွဲ့ဝင်များ စုဝေးရာနေရာများကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

     ဖျက်အားပြင်း ဒရုန်းများကို အသုံးပြု၍ အဆိုပါ စုဝေးရာနေရာများကို တိကျစွာ ထိမှန်အောင် တိုက် ခိုက်နိုင်ခဲ့သည်။ ဤစစ်ဆင်ရေးအတွင်း အမေရိကန်၏ စစ်ရေယာဉ်များ နစ်မြုပ်ခဲ့သည့်အပြင်၊ အမေရိကန်စစ်သည် အမြောက်အမြားလည်း သေဆုံးခဲ့ရသည်။

     “မင်းတို့ ဘယ်ကိုပဲသွားသွား ငါတို့ နောက်ကနေ လိုက်နေမှာပဲ၊ မင်းတို့တွေ ဆင်းရဲဒုက္ခရောက်ရလိမ့်မယ်လို့ ငါတို့ ပြောခဲ့ပြီးသားပဲ” ဟု အီရန်ဘက်က ထပ်မံသတိပေး ပြောကြားထားသည်။

     စစ်ပွဲစတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယီမင် (ဟူသီတပ်ဖွဲ့) ဘက်မှ အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်ခဲ့သည်။ အစ္စရေး၏ နျူကလီးယားသုတေသနဌာနရှိရာ ဒီမိုနာ (Dimona) နှင့် ဘီယာရှီဘာ (Beersheba) ဒေသများတွင် လေ ကြောင်းရန်အချက်ပေး ဥဩသံများ မြည်ဟည်းခဲ့ပြီး ဒုံးကျည်အချို့မှာ လူနေအဆောက်အအုံများပေါ်သို့ တိုက်ရိုက်ကျရောက်ခဲ့သဖြင့် လူပေါင်း ၄၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

     စစ်ပွဲကြောင့် ကမ္ဘာ့စတော့ဈေးကွက်များဖြစ်သော S&P 500 နှင့် Dow Jones တို့သည် ၂% နီးပါး ထိုးဆင်းသွားခဲ့ပြီး ရွှေဈေးမှာ တစ်အောင်စလျှင် ၄,၅၀၀ ဒေါ်လာ ကျော်အထိ စံချိန်တင် မြင့်တက်သွားခဲ့သည်။ အမေရိကန်သမ္မတ ထရန့်သည် အချက် ၁၅ ချက်ပါဝင်သော အပစ်အခတ်ရပ်စဲရေး အစီအစဉ်ကို တင် ပြထားသော်လည်း အီရန်ဘက်က ၎င်းကို ပယ်ချကာ ဟော်မုဇ်ရေလက်ကြားအား အပြည့်အဝထိန်းချုပ်ခွင့်ရမည့် အချက် ၅ ချက်ပါ အစီအစဉ်ဖြင့် တန်ပြန်ထားသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့အထိ အခြေအနေများအရ စစ်မီးသည် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးသို့ ကျယ်ပြန့်လာနေပြီး စွမ်းအင်အကျပ်အတည်းနှင့် အလုပ်အကိုင်ဈေးကွက် ပြိုလဲမှုဒဏ်ကို ကမ္ဘာတစ်ဝန်း ခံစားနေရပြီဖြစ်သည်။

​#IranIsraelWar #USNavy #MiddleEastCrisis #GoldPriceShock #TruePromise4 #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN