

(မှုခင်း) မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်လမ်းဆုံအနီးရှိ စျေးအတွင်းတွင် ဆွဲကြိုးဖြတ်လုယက် ထွက်ပြေး တိမ်းရှောင်နေသည့် တရားခံပြေး နှစ်ဦးအား ဖမ်းဆီးရမိကြောင်းသိရသည်။
မတ်လ ၂၈ရက် ယနေ့ နံနက် ၁၁နာရီခွဲ အချိန်တွင် လုံခြုံရေးတာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်လမ်းဆုံအနီး ပဲခူး-ရန်ကုန် ကားလမ်းမဘေး၊ ရတနာသီရိဈေးအနီးတွင် မှော်ဘီမြို့နယ်နေသူနှစ်ဦးဖြစ်သည့် ကျော်သက်ဝေနှင့် မျိုးဇော်လင်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ တရားခံနှစ်ဦးသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၊ မွန်းလွဲ၃နာရီ၁၅မိနစ် အချိန်ခန့်က ပဲခူးမြို့၊ညောင်အင်းကျေးရွာ စာသင်ကျောင်းမှ နေအိမ်သို့ဆိုင်ကယ်ဖြင့် ပြန်လာသူအား ပဲခူးတက္ကသိုလ်အနီး ဆွဲကြိုးဖြတ်လုယုကာ ထွက်ပြေး တိမ်းရှောင်နေသူများဖြစ်ပြီး၊ ကွင်းဆက်တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။