အောင်မြေသာစံတွင် အမျိုးသမီးတစ်ဦး မိမိကိုယ့်ကိုမိမိ သေနတ်ဖြင့် ပစ်သတ်

(မှုခင်း) မတ် ၂၆

မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊၂၂လမ်း၊၅၇×၅၈လမ်းကြားတွင် အမျိုးသမီးတစ်ဦးသည် မိမိကိုယ့်ကိုမိမိ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ယနေ့မွန်းတည့် ၁၂ခွဲအချိန်က မရန်မန်ရှန် (ဘ)ဦးရန်ယုချမ်၊ ၃၈နှစ်သည် ခင်ပွန်းဖြစ်သူကိုင်ဆောင်သော SIG SAUER ပစ္စတိုသေနတ်ဖြင့် မိမိကိုယ့်ကိုမိမိပစ်ခဲ့ရာ ယာနားထင်အပေါ်မှဖောက်ဝင်ပြီးဝဲဘက်ချိုစောင်းမှဖောက်ထွက်သွားပြီးကြမ်းပြင်ပေါ်တွင် လဲကျသေဆုံးနေကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်နေရာမှ SIG SAUER ပစ္စတိုအမျိုးအစား သေနတ်နံပတ်(၁)လက်၊ ၉မမကျည် (၈) တောင့်၊ ၉မမကျည်ခွံ(၁)ခု၊ ကျည်ဖူး(၁)ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး သေနတ်ပိုင်ရှင်အား လက်နက်ဥပဒေဖြင့်ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။