
(မှုခင်း) မတ် ၂၆
သက်လတ်ပိုင်း အမျိုးသမီးငယ်တစ်ဦး ရန်ကုန်မြို့ရဲ့ ဟိုတယ်တစ်ခုပေါ်ကနေ ဒီကနေ့ မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက ပြုတ်ကျခဲ့တာကြောင့် သေဆုံးသွားခဲတယ်လို့ သိရပါတယ်။
အမျိုးသမီးငယ်မှာ တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်း၊ တာမွေဗလီမှတ်တိုင်အနီးမှာရှိတဲ့ အကြည်တော်ဟိုတယ်ရဲ့ ခုနှစ်လွှာကနေ ပြုတ်ကျသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဟိုတယ်ပေါ်က ပြုတ်ကျသေဆုံးသွားခဲ့တဲ့ အမျိုးသမီးငယ်မှာ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အဆိုပါဟိုတည်မှာ တစ်ယောက်တည်း တည်းခိုနေတာ တစ်ပတ်ခန့် ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါ အမျိုးသမီးငယ်ဟာ ပြုတ်ကျခါစမှာ အနည်းငယ်မှာ လှုပ်ရှားမှုကို ပြပေမယ့် ပြုတ်ကျတဲ့အရှိန်နဲ့ ရရှိခဲ့တဲ့ ဒဏ်ရာတွေများပြားတာကြောင့် ထိုနေရာမှာပင် သေဆုံးသွားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးအမျိုးသမီးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ပြုတ်ကျသေဆုံးပြီး ခဏအကြာမှာပဲ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကြတယ်လို့ သိရပါယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း ရန်ကုန်က တိုက်ခန်းအမြင့်တွေ အပေါ်ကနေ ကလေး၊ လူကြီးတွေ ပြုတ်ကျလို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေ၊ သေဆုံးသူတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။