“လာမည့်လတွင် ဥရောပ၌ စွမ်းအင်ပြတ်လပ်မှုများ ကြုံတွေ့ရနိုင်သည်” ဟု ရှဲလ် (Shell) စီအီးအို သတိပေး

(နိုင်ငံတကာ)မတ် ၂၅

    အမေရိကန်နိုင်ငံ၊ ဟူစတန်မြို့တွင် ကျင်းပလျက်ရှိသော CERAWeek စွမ်းအင်ညီလာခံ၌ Shell ကုမ္ပဏီ ၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Wael Sawan က ဥရောပ၏ စွမ်းအင်လုံခြုံရေးနှင့် ပတ် သက်၍ စိုးရိမ်ဖွယ်ရာ သတိပေးချက်တစ်ခုကို ထုတ် ဖော်ပြောကြားလိုက်သည်။ လာမည့်လမှစတင်၍ ဥရောပတိုက်တွင် စွမ်းအင်ပြတ်လပ်မှု (Energy Shortages) များ ရုတ်တရက် ကြုံတွေ့ရနိုင်ကြောင်း ၎င်းက ဆိုသည်။

Wael Sawan ၏ ပြောကြားချက်အရ ဥရောပသည် ပြီးခဲ့သည့် ဆောင်းရာသီကို အဆင်ပြေစွာ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ရေရှည်အတွက် စွမ်းအင်လုံခြုံ ရေးမှာ အလွန်ပင် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်သည်။

     ဆောင်းရာသီကုန်ဆုံးချိန်တွင် ဥရောပ၏ သဘာဝ ဓာတ်ငွေ့ သိုလှောင်မှုများမှာ လျော့နည်းလာပြီဖြစ်ပြီး ပြန်လည်ဖြည့်တင်းရန် ခက်ခဲနိုင်ကြောင်း၊ အရှေ့အလယ်ပိုင်းတွင် အမေရိကန်နှင့် အီရန်အကြား စစ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းက ဟော်မုဇ်ရေလက် ကြား(Strait of Hormuz) မှတစ်ဆင့် လာမည့် စွမ်း အင်တင်ပို့မှုများကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်းနှင့် စွမ်းအင်စျေးကွက်သည် အလွန်ပင် ထိ ခိုက်လွယ်နေပြီး မည်သည့် အသေးစား အနှောင့် အယှက်မျိုးမဆို ဥရောပအတွက် ကြီးမားသော စွမ်းအင်ပြတ်လပ်မှုဆီသို့ ဦးတည်သွားစေနိုင်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

      Wael Sawan က ဥရောပနိုင်ငံများသည် ရေရှည်စွမ်းအင်ဗျူဟာထက် ရေတိုဖြေရှင်းချက်များကိုသာ အာရုံစိုက်နေကြောင်း ဝေဖန်ခဲ့သည်။ “စွမ်းအင် အကူး အပြောင်း (Energy Transition)ကို အလျင်စလို လုပ် ဆောင်နေခြင်းက ရိုးရာစွမ်းအင် အရင်းအမြစ်များ (ဓာတ်ငွေ့နှင့် ရေနံ) ကို လုံလောက်စွာ မရရှိနိုင်ဘဲ ပြတ် လပ်မှုများ ဖြစ်ပေါ်စေနိုင်သည်” ဟု ၎င်းက ဆိုသည်။

     ထို့အပြင် ဥရောပအနေဖြင့် အမေရိကန်ထံမှ တင်သွင်းနေရသော သဘာဝဓာတ်ငွေ့ (LNG) အပေါ် မှီခိုနေရမှုကို သတိပြုသင့်ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

​      ဤသတိပေးချက်ကြောင့် ဥရောပ သဘာဝဓာတ်ငွေ့စျေးနှုန်းများ (TTF Hub) မှာ ပြန်လည်မြင့်တက်လာနိုင်ပြီး၊ လာမည့်လအတွင်း စက်မှုလုပ်ငန်းများနှင့် လူနေအိမ်များအတွက် လျှပ်စစ်ခနှင့် စွမ်းအင်စရိတ်များ ထပ်မံ မြင့်တက်လာနိုင်ခြေ ရှိနေသည်။

​#PositiveAngleNews #EnergyCrisis #ShellCEO #Europe #WaelSawan #CERAWeek #NaturalGas #WorldEconomy

Telegram»…
https://t.me/positiveanglenews

#PAN