(နိုင်ငံတကာ)မတ် ၂၄
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ရှိ ရေနံချက်စက်ရုံတစ်ခုတွင် ယနေ့နံနက်ပိုင်းက ပြင်း ထန်သော ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ရာ ထူထပ်မည်းမှောင်သော အဆိပ်ငွေ့ပါဝင်သည့် မီးခိုးလုံးကြီးများကြောင့် တက္ကဆက်ကောင်းကင်ယံတစ်ခုလုံး မှောင်အတိကျကာ ဒေသခံများ အသက်ရှူရခက်ခဲသည့် အခြေ အနေနှင့် ရင်ဆိုင်နေရသည်။
ယခုပေါက်ကွဲမှုသည် တက္ကဆက်ပြည်နယ်၏ ရေနံနှင့် စွမ်းအင်ချက်လုပ်ရာ အချက်အချာဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပတ်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် စက်ရုံနှင့်မနီးမဝေးတွင်ရှိသော အခြားရေနံချက်စက်ရုံတစ်ခု၌ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးလုံးကြီးများသည် မိုင်ပေါင်းများစွာအကွာမှပင် မြင်တွေ့နေရပြီး လေထုညစ်ညမ်းမှုမှာ စိုးရိမ်ရသည့်အဆင့်သို့ ရောက်ရှိနေသည်။
ပြည်နယ်ကျန်းမာရေးအာဏာပိုင်များက မီးခိုးများတွင် အဆိပ်သင့်ဓာတုပစ္စည်းများ ပါဝင်နိုင်သဖြင့် ဒေသခံများအနေဖြင့် အိမ်ပြင်မထွက်ကြရန်နှင့် ပြ တင်းပေါက်များကို လုံခြုံစွာပိတ်ထားကြရန် အရေးပေါ်သတိ ပေးချက် ထုတ်ပြန်ထားသည်။
မီးသတ်တပ်ဖွဲ့ဝင် အမြောက်အမြားသည် မီးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြသော်လည်း ရေနံနှင့် လောင်စာဆီများကြောင့် မီးအရှိန်မှာ ပြင်းထန်နေဆဲဖြစ်သည်။ လက်ရှိအချိန်အထိ အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အတည်ပြုချက် ထွက်ပေါ်လာခြင်း မရှိသေးပေ။
ပေါက်ကွဲရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ လက်ရှိအချိန်အထိ တရားဝင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲဖြစ်လို့ အကြောင်းအရင်း အတိအကျကို အာဏာပိုင်တွေက ထုတ်ပြန်ခြင်း မရှိသေးပါ။ ဂျက်ဖာဆင်ခရိုင် (Jefferson County) ရဲမင်းကြီး ဇီနာ စတီဖန် (Zena Stephens) ရဲ့ အဆိုအရ ပေါက်ကွဲမှုဟာ စက်ရုံအတွင်းရှိ အပူပေးစက် (Heater unit) တစ်ခုကနေ စတင်ဖြစ်ပွားခဲ့တာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထား သည်။
အရှေ့အလယ်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်ဖြစ်လို့ အချို့သော လူမှုကွန်ရက်စာ မျက်နှာတွေမှာ ဒါဟာ ” sabotage (နှောင့်ယှက်ဖျက် ဆီးမှု)” လားဆိုပြီး ခန့်မှန်းပြောဆိုနေကြတာတွေ ရှိပေမဲ့၊ အမေရိကန် အာဏာပိုင်တွေဘက်ကတော့ ဒါဟာ သာမန်စက်မှုဆိုင်ရာ မတော်တဆမှု (Industrial Accident) အဖြစ်ပဲ လောလောဆယ် ရှုမြင်ထားသည်။
အရှေ့အလယ်ပိုင်းတွင် စစ်ပွဲကြောင့် ရေနံဈေး နှုန်းများ မတည်မငြိမ်ဖြစ်နေချိန်တွင် ယခုကဲ့သို့ အမေရိကန်ပြည်တွင်းရှိ အဓိကရေနံချက်စက်ရုံများ ဆက် တိုက်ပေါက်ကွဲနေခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကဏ္ဍနှင့် လောင်စာဆီဈေးနှုန်းများအပေါ် ထပ်မံဖိအားပေးလာနိုင်သည်ဟု စီးပွားရေးလေ့လာသူများက သုံးသပ်နေကြသည်။
#GlobalEnergy #USNews #SafetyAlert #IndustrialAccident #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN