

(မှုခင်း) မတ် ၂၃
ဝမ်းတွင်းမြို့နယ်၊ ရွှေတောင်ကျေးရွာအုပ်စုတွင် မတ်လ ၂၂ ရက်နေ့ ညနေ ၂ နာရီ ၃၀ မိနစ်ခန့်တွင် တွဲကားတစ်စီးနှင့် ခရီးသည်တင်ကားတစ်စီးတို့ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်ပေါ်ရှိ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ၏ အလောင်းအား ဝမ်းတွင်းမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ သန္တိသုခ လူမှုရေးအသင်းမှ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။