



(ပြည်တွင်း) မတ် ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ပေါ် ရေတံခွန်သွားတောင်ကျော်၌ ယနေ့ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ကျိုက်ထီးရိုးတောင်ပေါ်ရှိ ကျီးကန်းပါးစပ်မှ ရေတံခွန်သို့သွားရာ လူသွားလမ်းတောင်ကျောတစ်လျှောက်တွင် မီးစတင်လောင်ကျွမ်းဖြစ်ကြောင်းသိရသည်။
မီးလောင်သည့်နေရာသည် တောင်တန်းနှင့် သစ်တောထူထပ်ပြီး မီးကူးစက်ပျံ့နှံ့နိုင်ခြေများသည့်အတွက် ဒေသခံဈေးသူဈေးသားများနှင့် ကျိုက်ထီးရိုးနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ပူပေါင်းကာ မီးငြှိမ်းသတ်ခဲ့ရကြောင်းသိရသည်။