
(ပြည်တွင်း)မတ် ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နှင့် ရှမ်းပြည် နယ်တောင်ပိုင်း လဲချားမြို့နယ် အတွင်း အွန်လိုင်းငွေလိမ်လည်မှု (Scam) နှင့် လောင်းကစားလုပ်ငန်း လုပ် ကိုင်နေသည့် တရုတ်နိုင်ငံသား ၈၅ ဦးအား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် နယ်မြေခံလုံခြုံရေးအဖွဲ့များက မူဆယ်မြို့ရှိ လူနေအိမ်အချို့နှင့် လဲချားမြို့နယ်အတွင်းရှိ အဆောက်အအုံဝင်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာမှ တရားမဝင် နေထိုင်ပြီး အွန်လိုင်းရာဇ၀တ်မှု ကျူးလွန်နေသူများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။


မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ တော်ရွက်ရပ်ကွက်နှင့် စွမ်စော်ရပ်ကွက်များအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ အခြေပြုလုပ် ကိုင်လျက်ရှိကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များသည် မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းတွင် အဆိုပါနေရာများသို့သွားရောက်၍ စုံစမ်းစစ်ဆေး ရှာဖွေဖော်ထုတ်ခဲ့သည်။


ထိုသို့ဆောင်ရွက်ခဲ့ရာ ကောင်းမှုတုံရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်း ကစားမှု ကျူးလွန်လျက်ရှိသည့် တရုတ်နိုင်ငံသား ကျား ၈၅ ဦးကို ဖုန်းမျိုးစုံ ၂၈၆ လုံး၊ ကွန်ပျူတာ ၃၀ လုံး၊ Laptop ၂၈ လုံး၊ အဆောက်အဦ ၁ လုံးတို့နှင့်အတူလည်းကောင်း၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၄၆ လုံး၊ ကွန်ပျူတာ ၁၈ လုံးတို့ကိုလည်းကောင်း၊ စွမ်စော်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ ၈၅ လုံး၊ ကွန်ပျူတာ ၁၀ လုံးတို့ကိုလည်းကောင်း အသီးသီးဖော်ထုတ်တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။


အလားတူ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်၊ ကောင်းစံကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် မတ်လ ၁၉ ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာတွင် အလျား ၁၃၀ ပေ၊ အနံ ၅၀ ပေရှိ အဆောက်အအုံ ၂ လုံး၊ အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ လူနေအဆောက်အအုံ ၃ လုံး၊ အလျား ၆၀ ပေ၊ အနံ ၃၀ ပေရှိ လူနေအဆောက် အအုံ ၃ လုံး၊ အလျား ၁၅၀ ပေ၊ အနံ ၅၀ ပေရှိ ဂိုဒေါင် ၁ လုံး၊ အလျား ၁၈၀ ပေ၊ အနံ ၆၀ ပေရှိ အဆောက်အအုံ ၁ လုံး၊ Starlink ၁၀ လုံး၊ All in One ကွန်ပျူတာ ၅၅ လုံး၊ Power Station ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးရမိသူများကို လက်ရှိတွင် သက်ဆိုင်ရာ ရဲ စခန်းများ၌ စစ်ဆေးလျက်ရှိပြီး၊ တရုတ်-မြန်မာ နယ်စပ်လုံခြုံရေး သဘောတူညီချက်အရ ၎င်းတို့အား တရုတ်နိုင်ငံ (ယူနန်ပြည်နယ်) အာဏာပိုင်များထံသို့ မကြာမီရက်ပိုင်းအတွင်း လွှဲပြောင်းပေးအပ်ရန် စီစဉ်နေကြောင်း သိရှိရပါသည်။
#PositiveAngle #MuseArrest #LoilemArrest #ScamCrackdown2026 #ChineseNationals #OnlineGambling #MyanmarSecurityUpdate
Telegram»…
https://t.me/positiveanglenews
#PAN