
(မိုး/ဇလ) မတ် ၁၉
ကရင်ပြည်နယ်၊ ဘားအံမြို့၏ အနောက်ဘက် မိုင် ၉ ခန့်အကွာတွင် မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက အင်အားအဆင့် ၃.၆ ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ငလျင်လှုပ်ခတ်ချိန်မှာ ည ၇ နာရီ ၀၇ မိနစ် ၀၁ စက္ကန့် (မြန်မာစံတော်ချိန်)ဖြစ်ပြီး ငလျင်ဗဟိုပြုရာ၏ အနက်မှာ ၉.၀ ကီလိုမီတာ (မိုင် ၅.၆ ခန့်) ရှိကြောင်း သိရသည်။
ဆက်လက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ငလျင်ဆိုင်ရာ သတင်းအချက်အလက်များကို ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။