(နိုင်ငံတကာ)မတ် ၁၆
အီရန်နိုင်ငံအတွင်းရှိ ရန်သူ့ပစ်မှတ်ထား တိုက်ခိုက်မှုများအတွက် ထောက်လှမ်းရေးအချက်အလက်များ ပံ့ပိုးပေးနေသည်ဟု စွပ်စွဲခံရသူ “သူလျှို” ၅၀၀ ခန့် ကို အီရန်အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း Tasnim သတင်းဌာနက ရဲချုပ်၏ ပြောကြားချက်ကို ကိုးကား၍ ထုတ်ပြန်ခဲ့သည်။
အီရန်ရဲချုပ်၏ အဆိုအရ ဖမ်းဆီးခံရသူများသည် အစ္စရေး (Mossad) နှင့် အမေရိကန် (CIA) တို့ကဲ့သို့သော “ရန်သူ့နိုင်ငံများ” အတွက် အီရန်ရှိ စစ်ရေးပစ် မှတ်များ၊ အခြေခံအဆောက်အအုံများနှင့် အဆင့်မြင့်ခေါင်းဆောင်များ၏ သတင်းအချက်အလက်များကို စုဆောင်းပေးနေသူများ ဖြစ်သည်ဟု ဆိုသည်။
ယခုဖမ်းဆီးမှုသည် လွန်ခဲ့သည့် (၁၆) ရက်အတွင်း ဖြစ်ပွားခဲ့သော အမေရိကန်-အစ္စရေး မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုများတွင် အီရန်၏ စစ်ရေးစွမ်းဆောင်ရည်များ ထိခိုက်ပျက်စီးခဲ့ရခြင်းမှာ အဆိုပါ အတွင်းလူ (Inside Spies) များ၏ သတင်း ပေးမှုကြောင့် ဖြစ်သည်ဟု အီရန်ဘက်က ယူဆထား သည်။
ဖမ်းဆီးခံရသူ ၅၀၀ ထဲတွင် အစိုးရဝန်ထမ်းအချို့၊ နည်းပညာရှင်များနှင့် အရပ်သားများ ပါဝင်နေပြီး၊ ၎င်းတို့ကို နိုင်ငံတော်သစ္စာဖောက်မှု၊ သူလျှိုလုပ်မှုများဖြင့် တရားစွဲဆိုကာ ပြင်းထန်သော ပြစ်ဒဏ်များ (သေ ဒဏ်အထိ) ချမှတ်နိုင်ဖွယ် ရှိနေသည်။
ဖမ်းဆီးခံရသူတွေထဲမှာ အီရန်နွယ်ဖွား အနောက် နိုင်ငံသားများ (ဥပမာ – အမေရိကန်-အီရန်၊ ဗြိတိန်-အီရန်) အဓိက ပါဝင်နေသည်။ အိမ်နီးချင်းနိုင်ငံတချို့နဲ့ အနောက်နိုင်ငံသား အနည်းငယ်လည်း ပါဝင်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။ ၎င်းတို့ကို “ခရီးသွား” သို့မဟုတ် “သုတေသန ပညာရှင်” အသွင်ယူပြီး အချက်အလက် စုဆောင်းသူတွေအဖြစ် အီရန်ဘက်က စွပ်စွဲထားပါတယ်။
ဖမ်းဆီးခံရသူ အများစုကတော့ ပြည်တွင်းမှာရှိတဲ့ အီရန်နိုင်ငံသားတွေ ဖြစ်ပြီး ၎င်းတို့မှာ ငွေကြေးကြောင့်ဖြစ်စေ၊ အစိုးရအပေါ် မကျေနပ်မှုကြောင့်ဖြစ်စေ ပြည်ပထောက်လှမ်းရေးအဖွဲ့တွေ (Mossad, CIA) နဲ့ အွန်လိုင်းကတစ်ဆင့် ချိတ်ဆက်ပြီး သတင်းပေးခဲ့ကြသည်ဟု ဆိုသည်။
အီရန်အာဏာပိုင်တွေက အခုလို သူလျှို ၅၀၀ ခန့်ကို တစ်ပြိုင်နက်တည်း ဖော်ထုတ်နိုင်ခဲ့တာဟာ ရိုးရိုးသာမန် စုံစမ်းထောက်လှမ်းမှုထက် ပိုမိုမြင့်မားတဲ့ Digital Surveillance (ဒစ်ဂျစ်တယ် စောင့်ကြည့်ရေး) နည်းပညာတွေကို အသုံးပြုခဲ့ကြောင်း သိရပါသည်။
#PositiveAngle #IranNews #SpyArrest #Espionage #MiddleEastConflict #TasnimNews #InternalSecurity #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN