
(နိုင်ငံတကာ)မတ် ၁၃
အီရန်ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီ၏ ပထမဆုံးမိန့်ခွန်း၏ မိန့်ခွန်းထုတ်လွှင့်နေစဉ်မှာပင် အီရန်သည် “Labbayk Khamenei” (ခါမေနီ၊ ကျွန်ုပ်တို့ အသင့်ရှိနေပါပြီ) စစ်ဆင်ရေးအမည်ဖြင့် ၄၂ ကြိမ်မြောက် ဒုံးကျည်နှင့် ဒရုန်းလှိုင်းကို ယမန်နေ့ ဒေသစံတော်ချိန် ညနေပိုင်းမှာ စတင်ခဲ့သည်။ ယင်းသည် ခေါင်းဆောင်သစ်အပေါ် စစ်တပ်၏ သစ္စာခံမှုကို ပြသခြင်းဖြစ်သလို၊ ၎င်း၏ မိန့်ခွန်းပါ စကားရပ်များကို လက်တွေ့အကောင်အထည်ဖော်ခြင်းလည်း ဖြစ်သည်။
အစ္စရေး၏ စီးပွားရေးအချက်အခြာ တယ်အဗစ်မြို့လယ်ခေါင်ကို ဖျက်အားပြင်း ဒုံးကျည်များဖြင့် ပစ်မှတ်ထားခဲ့သည်။ ထို့အပြင် ဒေသတွင်းရှိ အမေရိကန် “အကြမ်းဖက်စစ်တပ်” (အီရန်အခေါ်) ၏ အခြေ စိုက်စခန်းများကိုလည်း ဖျက်ဆီးအားပြင်း ဒရုန်းများ၊ ဒုံး ကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။
အီရန်ဘက်က ၎င်းတို့၏ “ဖျက်အားပြင်း ဒုံးကျည်များ” (Devastating Missiles) နှင့် “ဖျက်ဆီးအား ကောင်းသော ဒရုန်းများ” (Destructive Drones) ကို အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ထားပြီး ယင်းတိုက်ခိုက်မှုများသည် ယခင်လှိုင်းများထက် ပိုမိုပြင်းထန်ကြောင်း သိရသည်။
တယ်အဗစ်ရှိ အမေရိကန်သံရုံးခွဲ (Branch Office) တိုက်ရိုက်ထိမှန်ခြင်း ရှိ၊ မရှိကို အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာနက တရားဝင် အတည်မပြုသေးသော် လည်း၊ ဆောဒီအာရေဗျနိုင်ငံ၊ ရီယတ် (Riyadh)မြို့ ရှိ အမေရိကန်သံရုံးမှာမူ ဒရုန်းတိုက်ခိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ တယ်အဗစ်ရှိ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်အားလုံးကို ဘေးကင်းရာ (Bunkers) များသို့ ရွှေ့ပြောင်းထားပြီး Shelter in Place (နေအိမ်အတွင်း၌သာ နေထိုင်ရန်) အမိန့်ထုတ်ပြန်ထားသည်။
အီရန်၏ ဒုံးကျည်များသည် တယ်အဗစ်မြို့လယ်ရှိ အစ္စရေးစစ်ဌာနချုပ် (HaKirya) ဝန်းကျင်သို့ ကျရောက်ခဲ့ကြောင်း သတင်းများက ဆိုသည်။
တယ်အဗစ်မြို့ရှိ ယူနက်စကိုစာရင်းဝင် “White City” နယ်မြေအတွင်းရှိ အဆောက်အအုံ နှစ်လုံးမှာလည်း အီရန်၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြောင်း အတည်ပြုချက်များ ထွက်ပေါ်လာသည်။
တယ်အဗစ်မြို့အရှေ့ဘက် Yehud နယ်မြေအပါအဝင် လူနေအိမ်များနှင့် စီးပွားရေးအဆောက် အအုံများပေါ်သို့ ဒုံးကျည်အချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိကြောင်း သိရသည်။
အစ္စရေး၏ Iron Dome နှင့် Arrow ဒုံးကျည်ကာ ကွယ်ရေးစနစ်များသည် အီရန်ဒုံးကျည်အများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့သော်လည်း၊ အီရန်၏ ၄၂ ကြိမ်မြောက် ဒုံးကျည်လှိုင်းမှာ အလွန်အင်အားပြင်း ထန်သဖြင့် အချို့မှာ ကာကွယ်ရေးစနစ်ကို ဖောက်ထွက်ကာ မြို့အတွင်း ကျရောက်ခဲ့ခြင်း ဖြစ်သည်။
#PositiveAngle #LabbaykKhamenei #IranMissileAttack #TelAvivUnderFire #USBaseAttack #MiddleEastWar #BreakingNews #MilitaryUpdate
Telegram»…
https://t.me/positiveanglenews
#PAN