ပဲခူးတွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

(မှုခင်း) မတ် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကမာနတ်ကျေးရွာ၊ လျှပ်စစ်ရုံးဝန်းလမ်းတွင် နေအိမ် ၁လုံးမီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့မွန်းတည့်ချိန်က ကမာနတ်ကျေးရွာနေ ဦးတင်ညွန့် ၏ နေအိမ်အပေါ်ထပ်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲပြီး နေအိမ်နံရံသို့ မီးကူးရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးလောင်မှု ဖြစ်ပွားနေသဖြင့် တာဝန်ရှိသူများက မီးငြိမ်းသတ်ယာဉ်(၂)စီး၊ ရေသည်ယာဉ်(၃)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထို့နောက် မွန်းတည့် ၁၂နာရီ၂၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့်၁၂နာရီ၅၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

#PAN