

(စီးပွားရေး)မတ် ၁၃
စက်သုံးဆီများမှာ ရက်သတ္တပတ် နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် ဈေးနှုန်းများကို ပြောင်းလဲ ခြင်းကြောင့် စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းများအရ ပြည်မတွင် ဓာတ်ဆီတစ်လီတာ ၃၀၅ ကျပ်၊ ဒီဇင်တစ်လီတာ ကျပ် ၆၀၀ နီးပါးမြင့်တက်လာကာ စက်သုံးဆီးတင်သွင်းသို့လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းများအရ သိရသည်။
မတ်လ ၂ ရက်နေ့တွင် တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီ 92 တစ် လီတာလျှင် ၃၁၅၀ ကျပ်(၂၅ဘတ်)၊ ဓာတ်ဆီ 95 တစ်လီတာလျှင် ၃၂၇၆ ကျပ်(၂၆ဘတ်)၊ ဒီဇယ်တစ်လီတာလျှင် ၃၂၇၆ ကျပ်(၂၆ဘတ်) ရောင်းချလျက်ရှိရာမှ မတ် ၁၃ ရက်တွင် ဓာတ်ဆီ 92 တစ် လီတာလျှင် (၃၈ဘတ်)၊ ဓာတ်ဆီ 95 တစ်လီတာလျှင်(၃၉ဘတ်)၊ ဒီဇယ်တစ်လီတာလျှင်(၄၅ဘတ်)ဈေးနှုန်းများ ပြောင်းလဲခြင်းဖြစ်သည်။
အရှေ့အလယ်ပိုင်းစစ်ပွဲများကြောင့် ကမ္ဘာ့ရေနံစျေးနှုန်းများမှာ အတက်အကျ မငြိမ်သက်ဖြစ်နေရာမှ စက်သုံးဆီစျေးနှုန်းများမှာလည်း ပြောင်းလဲလျက်ရှိသည်။
အလားတူ ရေနံအကြပ်အတည်းကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း စက်သုံးဆီလျှော့ချ အသုံးပြု နိုင်ရန် စီမံချက်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။