
(နိုင်ငံတကာ)မတ် ၁၂
အီရန်နိုင်ငံ၏ အဆင့်မြင့်ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခံရသော မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) သည် စစ်ပွဲကာလအတွင်း ၎င်း၏ ပထမဆုံးသော မိန့်ခွန်းကို ထုတ်ပြန်လိုက်ပြီး အီရန်အနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြတ်ပြတ်သားသား ကတိပြုပြောကြားခဲ့သည်။
၎င်းက အီရန်အနေဖြင့် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်မှုများကို အညံ့ခံမည်မဟုတ်ဘဲ နောက်ဆုံးအချိန်အထိ ဆက်လက်ခုခံတိုက်ခိုက်သွားမည်ဟု ဆိုသည်။
“ကျွန်ုပ်တို့၏ လက်နက်များမှာ အနားယူမည်မဟုတ်၊ ရန်သူ့ထံမှ လျော်ကြေးနှင့် တရားမျှတမှု မရမချင်း တိုက်ပွဲမှာ ရပ်တန့်မည်မဟုတ်” ဟု ပြောကြားခဲ့သည်။
သမ္မတ ထရမ့်၏ စစ်ပွဲအဆုံးသတ်ရေး “စည်းကမ်းချက် ၁၂ ချက်” အပေါ်တွင်လည်း ၎င်းက ပယ်ချခဲ့ပြီး အီရန်၏ အမျိုးသားဂုဏ်သိက္ခာကို အထိပါးခံမည်မဟုတ်ကြောင်း ပြသခဲ့သည်။
ကြာသပတေးနေ့က ပြုလုပ်သော ရုပ်မြင်သံကြားမိန့်ခွန်းတွင် ခါမေနီက အမျိုးသားညီညွတ်ရေးအတွက် တိုက်တွန်းခဲ့ပြီး အီရန်၏ ရန်သူများကို ဖိအားပေးရန်အတွက် ကမ္ဘာ့အရေးအပါဆုံး သွေးကြောတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒေသတွင်းရှိ (အမေရိကန် အခြေစိုက်စခန်းများ) ကို ချက်ချင်းပိတ်သိမ်းရမည်၊ သို့မဟုတ်ပါက တိုက် ခိုက်ခံရမည်ဖြစ်သည်။ အီရန်အနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို ယုံကြည်သော် လည်း ဒေသတွင်းရှိ အမေရိကန်စခန်းများကိုမူ ဆက် လက်တိုက်ခိုက်သွားမည်ဟု ခါမေနီက ပြောကြားခဲ့သည်။
ယီမင်ရှိ တော်လှန်ရေးအင်အားစုများ (ဟူသီများ) သည်လည်း ‘၎င်းတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြလိမ့်မည်’ ဟု အဆင့်မြင့်ခေါင်းဆောင်က ဆိုခဲ့ပြီး အီရတ်ရှိ လက်နက်ကိုင်အုပ်စုများသည်လည်း အစ္စလာမ်မစ် တော်လှန်ရေးကို ‘ကူညီလိုကြသည်’ ဟု ထည့် သွင်းပြောဆိုခဲ့သည်။
တိုက်ခိုက်မှုများ ကြုံတွေ့နေရချိန်တွင် အီရန်နိုင်ငံအား သူတစ်ပါးလွှမ်းမိုးခြင်း သို့မဟုတ် အစိတ်စိတ် အမြွှာမြွှာ ကွဲအက်သွားခြင်းတို့မှ ကာကွယ်ပေးခဲ့သည့် နိုင်ငံ၏ စစ်တပ်ကိုလည်း ခါမေနီက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
‘’ကျွန်ုပ်တို့နိုင်ငံဟာ ဖိအားတွေနဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့နေရတဲ့ ဒီလိုအချိန်မျိုးမှာ ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင်နေကြတဲ့ ရဲစွမ်းသတ္တိရှိတဲ့ တိုက်ခိုက်ရေးသမားတွေကို ကျွန်တော် ကျေးဇူးတင်လိုပါတယ်’’ ဟု ၎င်းက ဆိုကာ အီရန်အနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်ခေါင်းဆောင်သစ် မိုဂျတာဘာ ခါမေနီရဲ့ ရာဇသံနဲ့ ဟော်မုဇ်ရေလက် ကြား ပိတ်ဆို့မှုအပေါ် “ချက်ချင်းဆိုသလို” ပြင်းပြင်း ထန်ထန် တုံ့ပြန်ခဲ့သည်။ ထရမ့်က ဟော်မုဇ်ရေလက် ကြားကို ပိတ်ထားမယ်ဆိုတဲ့ ကြေညာချက်အပေါ် “ဒါဟာ ကမ္ဘာ့စီးပွားရေးကို ဓားစာခံလုပ်တာပဲ၊ ကျွန်တော်တို့ ဒါကို ခွင့်မပြုဘူး” လို့ ပြောကြားခဲ့သည်။
၎င်းနောက် “ကျွန်တော်တို့ရဲ့ စစ်သားတစ်ယောက်ကို ထိခိုက်တာနဲ့ အီရန်က ပစ်မှတ် ၁၀၀ ကျော်ကို တစ်ပြိုင်နက် ဖျက်ဆီးပစ်မယ်” လို့ ထရမ့်က ဆိုသည်။ ခါမေနီသစ်အနေနဲ့ သူ့ဖခင်ရဲ့ လမ်းစဉ်ဟောင်းအတိုင်း လိုက်နေခြင်းဟာ အီရန်နိုင်ငံ ပျက်စီးခြင်းရဲ့ အစပဲလို့လည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
ထရမ့်က အီရန်ခေါင်းဆောင်သစ်ကို ရွေးချယ်စရာ နှစ်ခုပဲ ပေးထားသည်။ ၎င်းတင်ပြထားတဲ့ “စည်းကမ်းချက် ၁၂ ချက်” ကို လက်ခံပြီး စားပွဲဝိုင်းမှာ ဆွေးနွေးမလား၊ ဒါမှမဟုတ် အခုလို ရန်လိုနေပြီး အမေရိကန်ရဲ့ အပြင်းထန်ဆုံး စစ်ရေးအင်အားကို ရင်ဆိုင်မလားဆိုတာကို ဆုံးဖြတ်ဖို့ ရာဇသံပြန်ပေးလိုက်သည်။
နှစ်ဖက်ခေါင်းဆောင်များအကြား စကားစစ်ထိုးမှုများ ပြင်းထန်နေသဖြင့် အရှေ့အလယ်ပိုင်း စစ်မီးမှာ ငြိမ်းအေးသွားမည့်အစား ပိုမိုကြီးထွားလာမည့် အန္တရာယ်ရှိနေပါသည်။
#PositiveAngle #IranWar #MojtabaKhamenei #USMilitaryBases #AxisOfResistance #MiddleEastConflict #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN