(ပြည်တွင်း) မတ် ၁၁
တနင်္သာရီတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကိုသက်ဆိုင်ရာစာစစ်ဌာန(၁၇)ခု၌ ဝင်ရောက်ဖြေဆိုသူဦးရေမှာ ကျောင်းသား (၂၂၄၀)၊ ကျောင်းသူ (၄၀၈၃)ဦး၊ စုစုပေါင်း(၆၃၂၃)ဦးရှိပြီး မြန်မာစာဘာသာရပ် ဖြေဆိုသူ ကျောင်းသား (၂၁၀၃)ဦး၊ ကျောင်းသူ (၃၈၈၈)ဦး၊ စုစုပေါင်း(၅၉၉၁)ဦး၊ ဖြေဆိုမှု (၉၄.၇၅ ရာခိုင်နှုန်း)၊ ပျက်ကွက် ကျောင်းသား (၁၃၇)ဦး၊ ကျောင်းသူ (၁၉၅)ဦး၊စုစုပေါင်း (၃၃၂)ဦး၊ (၅ ဒသမ ၂၅ ရာခိုင်နှုန်း)ရှိကြောင်းနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူဦးရေမှာ ကျောင်းသား (၂၉)ဦး ၊ ကျောင်းသူ (၉)ဦး၊စုစုပေါင်း (၃၈)ဦးရှိကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊စာစစ်ဌာန၌ ယနေ့နံနက်ပိုင်းတွင် ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများမြန်မာစာဘာသာရပ်အား အေးချမ်းစွာဖြေဆိုလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က စာမေးပွဲအခန်းတာဝန်ကျ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စာမေးပွဲ ဖြေဆိုနေသည့်ကာလအတွင်း စာဖြေခန်းအတွင်းအပြင် သန့်ရှင်းရေး၊ လေဝင်လေထွက်ကောင်းမွန်ရေးနှင့် အလင်းရောင်လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးရန်၊ စာဖြေသူနှင့်စာမေးပွဲလုပ်ငန်းအနှောင့်အယှက်မဖြစ်စေရေး ဂရုပြုဆောင်ရွက်ပေးရန်၊ ကျောင်းသား/ကျောင်းသူများ၏ ကျန်းမာရေးအားအလေးထားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ စာမေးပွဲကိုစာမေးပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေဆိုနိုင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားခဲ့ကြောင်း သိရသည်။
#PAN