လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီး အရေးယူ

(ပြည်တွင်း)မတ် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့၌ မတ် ၇ ရက်‌နေ့က လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ပြူကံရပ်ကွက်၊ “ရွှေဗျိုင်းဖြူ” စက်သုံးဆီဆိုင်ရှေ့၌ မတ် ၇ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်တွင် အမှတ်(၁၀၆)ယာဉ် ထိန်းရဲတပ်ဖွဲ့မှ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေး-မုံရွာကားလမ်းအတိုင်း ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ဦးရွှေမန်းစိုး(၄၃)နှစ် မောင်းနှင်လာသည့် MDY-10/6P-XXXX SUBARU SAMBAR မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသောကြောင့် လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရွှေမန်းစိုး အား စစ်ကိုင်းနယ်မြေရဲစခန်း(ပ)၂၇/၂၀၂၆၊ ပို့ကုန် သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သိရသည်။

ထိုနည်းတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မရဲစခန်းမှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၃) အရောက်၌ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂၁)နေ ကိုစည်သူဖြိုး(၂၇)နှစ် မောင်းနှင်လာသည့် YGN-9/5H-XXXX TOYOTA MARK II မော်တော်ယာဉ်အား စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသောကြောင့် လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စည်သူဖြိုး အား ပြင်ဦးလွင်မြို့မရဲစခန်း (ပ)၄၆/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်ရဲတပ်ဖွဲ့မှ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် နယ်မြေလှည့်ကင်း ဆောင် ရွက်နေစဉ် ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်အရောက်၌ အဆိုပါရပ်ကွက်နေ ကိုအောင်ကြည်စိုး(၃၅)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ KENBO မော်တော်ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ဆိုင်ကယ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိ‌သောကြောင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အောင်ကြည်စိုးအား အောင်ပင်လယ်နယ်မြေရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။