





(ပြည်တွင်း) မတ် ၇
မန္တလေးတိုင်းဒေသကြီး ၊ပြည်ကြီးတံခွန်မြို့နယ်၊(ည)ရပ်ကွက်၊၁၄၂(အေ)×၁၄၂ (ဘီ) လမ်းကြား၊၄၇လမ်းရှိ စိန်စွန်ညို သံတိုသံစ ရောင်းဝယ်ရေးဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ညနေ၆နာရီအချိန်က ဒေါ်ဝင်းမြိုင်၊၅၉နှစ်၊(ဘ)ဦးချစ်ဆောင်၊သံတိုသံစ ရောင်းဝယ်ရေး၊အကွက်အမှတ် လလ ၉၁/၃၃၊၁၄၂×၁၄၃ လမ်းကြား၊၄၇လမ်း၊နေထိုင်သူ ပိုင်ဆိုင်သည့် ဆိုင်ရှေ့၌ အလုပ်သ မားများမှ သံထည်ပစ္စည်းများ ထုချေကြရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊အဆိုပါ ပေါက်ကွဲမှုကြောင့် ဆိုင်အလုပ်သမားများဖြစ်သည့် မသဲစုလှိုင်၊နေထူးအောင်၊သန်းနိုင်ဦး၊ဒေါ်ခင်သင်းလဲ့နှင့်မစန်းမာထွေးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း၊၎င်းဖြစ်စဥ်ဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများရောက်ရှိခဲ့ပြီး ပေါက်ကွဲမှုဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။