(နိုင်ငံတကာ)မတ် ၆

ရုရှား-ယူကရိန်း ပဋိပက္ခကြားက ထူးခြားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြစ်ရပ်တစ်ခုအဖြစ် ယမန်နေ့က ရုရှားနှင့် ယူကရိန်းတို့ စစ်သုံ့ပန်း ၂၀၀ စီ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ထားပါသည်။
ဤလုပ်ငန်းစဉ်တွင် ယူအေအီး (UAE) နှင့် အမေရိကန်ပြည်ထောင်စု (US) တို့က ကြားခံစေ့စပ်ညှိနှိုင်းပေးခဲ့ကြပြီး ဒုတိယအကျော့ လဲလှယ်မှုကို ရုရှားစစ်သည် ၃၀၀ နှင့် ယူကရိန်းစစ်သုံ့ပန်း ၃၀၀ တို့ကို ယနေ့ ထပ်မံလဲလှယ်သွားရန် ရှိနေသည်။

ပုံမှန်အားဖြင့် ယူအေအီးသည် ရုရှား-ယူကရိန်းကြား ကြားခံဆောင်ရွက်ပေးလေ့ရှိသော်လည်း၊ ယခုအကြိမ်တွင် အမေရိကန်ပါ ပူးတွဲပါဝင်လာခြင်းက သံတမန်ရေးအရ ထူးခြားသော တိုးတက်မှုတစ်ခု ဖြစ်နိုင်သည်။
ယနေ့ ပြုလုပ်မည့် ၃၀၀ စီ လဲလှယ်မှုသာ အောင် မြင်ခဲ့ပါက ဤရက်ပိုင်းအတွင်း စုစုပေါင်း စစ်သည် ၁,၀၀၀ ခန့် အိမ်ပြန်နိုင်ကြမည် ဖြစ်သည်။
အချို့သော သတင်းရင်းမြစ်များအရ ဤအကြိမ် လဲလှယ်မှုတွင် စစ်သည်များသာမက ရှေ့တန်းစစ်မျက်နှာပြင်တွင် ဖမ်းဆီးခံထားရသည့် အရပ်သားအချို့နှင့် ကျန်းမာရေးဝန်ထမ်းများလည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
အီရန်-အစ္စရေး ပဋိပက္ခကြောင့် ကမ္ဘာ့အာရုံစိုက်မှုက အရှေ့အလယ်ပိုင်းသို့ ရောက်နေချိန်တွင်၊ ယူအေအီး (UAE) က ၎င်း၏ သံတမန်ရေးရာ အစွမ်းအစကို ပြသသည့်အနေဖြင့် ရုရှားနှင့် ယူကရိန်းအကြား ဤမျှကြီးမားသော လဲလှယ်မှုကို ဖြစ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ဤလဲလှယ်မှုတွင် တိုက်ရိုက်ပါဝင်လာခြင်းက ရုရှားနှင့် ဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ထားကြောင်း ပြသရာရောက်ပြီး၊ နောင်တွင် အပစ်အခတ်ရပ်စဲရေးအတွက် အလားအလာကောင်းတစ်ခု ဖြစ်လာနိုင်မလားဆိုသည်ကို နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။
Telegram»…
https://t.me/positiveanglenews
#PAN