အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုစတင် အီရန်လူမျိုးများအား အီရန်အစိုးရကို “အာဏာသိမ်းရန်” ထရမ့် တိုက်တွန်း

(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၈

    အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်ကို တိုက် ခိုက်မှု စတင်၊ သမ္မတဒေါ်နယ်ထရမ့်က “အဓိကတိုက်ခိုက်မှုများ” လုပ်ဆောင်နေကြောင်း အတည်ပြု

     အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များက အီရန်မှ လက် စားချေတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားထားသည်။

    ထရမ့်က အီရန်လူမျိုးများအား အီရန်အစိုးရကို “အာဏာသိမ်းရန်” တိုက်တွန်းခဲ့ပြီး “၎င်းသည် သင်တို့ကိုယ်တိုင် လုပ်ဆောင်ရမှာဖြစ်တယ်။ အဲဒါက မျိုးဆက်များအတွက် သင်တို့၏ တစ်ခုတည်းသော အခွင့်အရေးဖြစ်လိမ့်မယ်” ဟု ပြောကြားခဲ့သည်။

    အီရန်နိုင်ငံတစ်ဝှမ်းရှိ မြို့ငါးမြို့တွင် ပေါက်ကွဲမှုများ ကြားရပြီး တီဟီရန်တွင် မီးခိုးများ မြင့်တက်လာသည်ကို ရုပ်ပုံများက ပြသနေသည်။

    ဝါရှင်တန်သည် ၎င်း၏ နျူကလီးယားအစီအစဉ်ဆိုင်ရာ သဘောတူညီချက်အသစ်ကို သဘောတူရန် တီဟီရန်အပေါ် ဖိအားများ တိုးမြှင့်နေခဲ့သည်။ နျူက လီးယားဆွေးနွေးပွဲများအတွင်း အီရန်၏ ညှိနှိုင်းရေးရပ်တည်ချက်ကို “မကျေနပ်” ဟု သောကြာနေ့တွင် ထရမ့်က ပြောကြားခဲ့သည်။

    အီရန်လေကြောင်းကာကွယ်ရေးကို ပြင်းထန်စွာ ယိုယွင်းစေခဲ့သော ပြီးခဲ့သည့် ဇွန်လက အီရန်နှင့် ၁၂ ရက်ကြာစစ်ပွဲကို အစ္စရေးတွင် အမှတ်ရနေဆဲဖြစ် ကြောင်း တဲ BBC သတင်းတွင် ဖော်ပြထားသည်။

#PAN