အိပ်ငိုက်မိတဲ့ယာဥ်မောင်း လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရာက်တိုက်မိမှုဖြစ်ပွား

(မှုခင်း) ဖေဖော်ဝါရီ ၁၉

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်(၁၂၆/၁) အနီးမှာ မန္တလေးကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ Insight အမျိုးအစား အဖြူရောင်ယာဉ်မှာ လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရာက်တိုက်မိပြီး ယာဉ်မောင်းဒဏ်ရာရှိခဲ့တယ်လို့ သိရတယ်။

ဒီနေ့မနက်၈နာရီအချိန်က Insight အမျိုးအစား အဖြူရောင်ယာဉ်ကို မောင်းလာတဲ့ အမျိုးသား (၁)ဦးက လက်ယာဘက်ယာဉ်ကြောအတိုင်း မောင်းနှင်နေစဉ် ယာဉ်မောင်းမှာ အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းရှိ ထန်းပင်အား ဝင်ရာက်တိုက်မိခဲ့ရာမှ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့တာလို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီး ကြပ်ရေးအဖွဲ့က အသိပေးထားတယ်လို့သိရပါတယ်။

အမြန်လမ်းမှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှုများ အားလုံးရဲ့ ၈၀% ဟာယာဉ်မောင်း အိပ်ငိုက်ခြင်းကြောင့်ဖြစ်တာကြောင့် ယာဉ်မောင်းများအနေနဲ့ ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း သတ်မှတ်ယာဉ်ရပ်နားစခန်းများမှာခေတ္တနားနေကြပါရန်နဲ့ယာဉ် အမျိုးအစားအလိုက် သတ်မှတ် အမြန်နှုန်းထက် ပိုမိုမောင်းနှင် ခြင်း မပြုကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မေတ္တာရပ်ခံထားတယ်လို့လဲသိရပါတယ်။