ဒဂုံမြို့သစ်အရှေ့ပိုင်းတွင်  တရားခံပြေးတစ်ဦး ဖမ်းဆီးရမိ

(မှုခင်း) ဖေဖော်ဝါရီ ၁၈

 ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် တရားခံပြေး တစ်ဦးအား ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၇ရက်နေ့ မွန်းလွဲ၂နာရီ၄၅မိနစ်အချိန်က  ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊အမှတ် ၇ ရပ်ကွက်သီရိရတနာလမ်း ဆိုင်ကယ်ပြုပြင်ရေးဆိုင်တွင်တရားခံပြေးဖြစ်သူ ကျော်ကိုကို ရောက်ရှိနေကြောင်း

သတင်းရရှိ၍ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာကျော်ကိုကိုက ခုခံပစ်ခတ်သဖြင့် ရဲတပ်ဖွဲ့က ပြန်လည်ပစ်ခတ် ဖမ်းဆီးရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် တရားခံပြေးကျော်ကိုကိုတွင် မေးရိုးနှင့်လက်မောင်းပြင်းထန်ဒဏ်ရာဖြင့်ဖမ်းဆီးရမိပြီး မြောက်ဥက္ကလာဆေးရုံသို့ ပို့‌ဆောင်ထားကြောင်း၊ဆိုင်ကယ်ပြုပြင်ဆိုင်အတွင်းတွင် သေနတ်၊လက်ပစ်ဗုံးနှင့် မူးယစ်ဆေးဝါးများ  သိမ်းဆည်းရမိကြောင်း သိရသည်။