
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၇
KNPP ၊ KNDF နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူတွေ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ သံလွင်တံတား (ဖားဆောင်း)ကိုအမြန်ဆုံးပြန်လည်ပြင်ဆင်သွားမယ်လို့ သိရပါတယ်။

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့ရဲ့ အနောက်ဘက် မီတာ ၃၂၀ ခန့်အကွာ ဖားဆောင်း-မယ်စဲ့-ဘီပီ(၁၃) သွားကားလမ်း မိုင်တိုင်အမှတ်၊ ၀/၃ နဲ့ ၀/၄ ကြားမှာရှိတဲ့ အရှည် ၁၂၆၀ ပေ၊ အကျယ် ၂၄ ပေ၊ သံကူကွန်ကရစ်အမျိုးအစား သံလွင်တံတား (ဖားဆောင်း) ကို အကြမ်းဖက်အဖွဲ့တွေက ဒီနေ့မနက် ၇ နာရီ ၂၀ မိနစ်ခန့်မှာ မိုင်းခွဲဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။

KNPP ၊ KNDF နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူတွေ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်တာကြောင့် တံတားရဲ့ အနောက်ဘက်ကမ်းကပ်ခုံကနေ အရှည် ၂၅၀ ပေ၊ အကျယ် ၂၄ ပေခန့် ပြိုကျပျက်စီးခဲ့တာဖြး်တယ်လို့ သိရပါတယ်။
မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိမှာ လူနဲ့ယာဉ်တွေ ဖြတ်သန်းသွားလာနိုင်မှုမရှိတော့ဘူးလို့ သိရှိရပြီး တံတားပျက်စီးမှုကို သက်ဆိုင်ရာ လမ်း/တံတား ဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဝန်ထမ်းတွေ အမြန်ဆုံး ပြန်လည်ပြင်ဆင်သွားမယ်လို့ သိရပါတယ်။
ဖားဆောင်းမြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာကြောင့် တပ်မတော်စစ်ကြောင်းတွေက လိုက်လံချေမှုန်းမှုတွေမလုပ်နိုင်ဖို့ KNPP ၊ KNDF နဲ့ PDF အကြမ်းဖက်သောင်းကျန်းသူတွေက မိုင်းထောင်ဖောက်ခွဲလိုက်ကြတာ ဖြစ်ပါတယ်။
#PAN