လဟယ်မှာ ရိုးရာပွဲတော် ကျင်းပပြုလုပ်ဖို့ ပွဲတော်ကွင်းနဲ့ ဘက်စုံသုံးခန်းမတည်ဆောက်ပေးမယ် -ဆေးရုံရှိပါက ဆရာဝန်ရှိရမှာ ဖြစ်တာကြောင့် ဆရာဝန်တွေခန့်အပ်ပေးမယ် – ဆရာ၊ ဆရာမတွေဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမယ်

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၆

လဟယ်မြို့မှာ ရိုးရာပွဲတော် ကျင်းပပြုလုပ်ဖို့အတွက် ပွဲတော်
ကွင်းနဲ့ ဘက်စုံသုံးခန်းမတည်ဆောက်ဖို့အတွက် ဆက်လက်ဆောင်ရွက်ပေးသွား
မယ်လို့ နိုင်ငံတေယ်ယာယီသမ္မတက ပြောပါတယ်။

ဒါ့အပြင် နာဂဒေသအတွင်း လမ်းပန်းဆက်သွယ်မှုတွေ ကောင်းမွန်စေရေး
ပြည်မအတွင်းကို ဆက်သွယ်တဲ့လမ်း​တွေကို ဦးစားပေးအနေနဲ့ ဆောင်ရွက်ပေးသွားမယ်လို့လည်းဆိုပါတယ်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီနေ့
မွန်းလွဲပိုင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့
နဲ့ လေရှီးမြို့တို့မှာရှိတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ မြို့မိမြို့ဖတွေကို သက်ဆိုင်ရာ
ခန်းမတွေမှာ သီးခြားစီတွေ့ဆုံချိန်မှာ ပြောကြားလိုက်တာလို့ သိရပါတယ်။

အဲဒီလိုတွေ့ဆုံချိန်မှာ နိုင်ငံတော်ယာယီသမ္မတက နာဂဒေသဟာ သွားလာရန်ခက်ခဲတာကြောင့်  လမ်းပန်းဆက်သွယ်မှုတွေ ကောင်းမွန်စေရေး လမ်းတွေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ပေးနေတယ်လို့ ပြောပါတယ်။

လဟယ်ဒေသနဲ့ နန်းယွန်းဒေသကိုဆက်သွယ်ကြိုးပမ်းတဲ့ လမ်းကို ရာသီမရွေးသွားလာနိုင်ရေး ဆောင်ရွက်ပေးနေပြီး ပြည်မကို
ဆက်သွယ်တဲ့လမ်းတွေ  အဆင်ပြေချောမွေ့စွာနဲ့ သွားလာနိုင်ရေးဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

လမ်းပန်းဆက်သွယ်မှုအခက်အခဲတွေကြောင့် ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ
​ေဆာင်ရွက်ဖို့အတွက်ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့အခက်အခဲတွေရှိတာကြောင့်
ဒေသတွင်းလမ်းပန်းဆက်သွယ်မှု​တွေ လုံခြုံချောမွေ့စေရေး မိမိတို့အနေနဲ့ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့လည်းပြောပါတယ်။

ဒါ့အပြင် လဟယ်မြို့နယ်ဆေးရုံအတွက် ဆရာဝန်လိုအပ်ချက်နဲ့ပတ်သက်ပြီး ၂၀၁၂ ခုနှစ်က
စတင်ကာ နာဂဒေသအတွက် ဆရာဝန်လိုအပ်ချက်တွေ
ရှိခြင်းကြောင့် တပ်မတော် အထူးကုဆရာဝန်​တွေကို စေလွှတ်ပေးခဲ့ပြီး လိုအပ်ချက်ရှိပါက  ထပ်မံစေလွှတ်ပေးသွားမယ်လို့ ပြောဆိုခဲ့သလို ဆေးရုံရှိပါက ဆရာဝန်ရှိရမှာ ဖြစ်တာကြောင့် ဆရာဝန်တွေခန့်အပ်ပေးသွားမယ်လို့လည်း ပြောပါတယ်။

ဆေးရုံအတွက် လိုအပ်တဲ့ ကုသရေးဆိုင်ရာပစ္စည်းတွေကိုလည်း တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

စာသင်ကျောင်းများအတွက် ဆရာ၊ ဆရာမများ လိုအပ်မှုနဲ့ပတ်သက်ပြီး အလယ် တန်းပြ ဆရာ၊ ဆရာမတွေ ပိုမိုလိုအပ်လျက်ရှိတာကိုတွေ့ရတဲ့အတွက် ဆရာ၊ ဆရာမတွေဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော် ယာယီသမ္မတက ပြောပါတယ်။

#PAN