ပျော်သွယ်မြို့ရဲ့ အလှည့်ကျစနစ်ရေပေးဝေမှုကို လက်ရှိထက် ပိုမိုအဆင်ပြေစေအောင်  ဆောင်ရွက်နိုင်ဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေး အကြံပြု

(ပြည်တွင်း) ဖေဖော်ဝါရီ ၁၀

ပျော်ဘွယ်မြို့ပေါ်ရပ်ကွက်တွေမှာ ရေပေးဝေရေးလုပ်ငန်းတွေနဲ့ပက်သက်ပြီး အလှည့်ကျစနစ်ရေပေးဝေမှုကို လက်ရှိရေပေးဝေမှုထက် ပိုမိုအဆင်ပြေစေရန် ညှိနှိုင်းဆွေးနွေးဆောင်ရွက်နိုင်ဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက အကြံပြုဆွေးနွေးဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ပျော်ဘွယ်မြို့ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်မှုနဲ့ပက်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးနဲ့ စည်ပင်သာယာရေးအဖွဲ့တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ရက်နေ့က ပျော်ဘွယ်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီရုံးတွင် ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံညှိနှိုင်းအစည်းအဝေးမှာ မြို့ပေါ်ရပ်ကွက်ရေပေးဝေရေးလုပ်ငန်းတွေနဲ့ပက်သက်ပြီး ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက လိုအပ်ချက်တွေကို မေးမြန်းဆောင်ရွက်ခဲ့ပြီး ပျော်ဘွယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တာဝန်ရှိသူတွေကလည်း  ရေပေးဝေရေးနဲ့ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးသောင်းအေးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပြင် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာလည်း  ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

#PAN