တပ်မတော်ဒရုန်းမှ PDF ကာကင်းကိုရှင်လင်း ၆ ဦးသေဆုံး

(ပြည်တွင်း)ဖေဖော်ဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ရှိ အကြမ်းဖက် PDFအဖွဲ့ ကာကင်းစခန်းတစ်ခုပေါ်သို့ တပ်မတော်မှ ဒရုန်းနှင့်ဗုံးသီးကြဲချတိုက်ခိုက်ခံသည့်အတွက်PDF ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တပ်မတော်မှ ဒလက် ၈ ခုပါ ဒရုန်းသည် ဖေဖော်ဝါရီ ၆ ရက်နေ့ မနက် ၉ နာရီအချိန်တွင် အကြမ်းဖက်PDFအဖွဲ့ ကာကင်းစခန်းတစ်ခုပေါ်သို့ Drop Bomb ချ တိုက်ခိုက်ခဲ့ရာ PDFများထိမှန်ခဲ့ကြောင်း၊ ထိမှန်ခဲ့သည့် PDFများအား ဆွဲထုတ်နေစဥ် ထပ်မံ၍ Drop Bombချ တိုက်ခိုက်ခံရသဖြင့် တပ်စုမှူးအပါဝင် PDF ၆ ဦး သေဆုံးခဲ့ကြောင်း Bamar Revolution Army – B.R.A က ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဒရုန်းဗုံးထိမှန်ကြောင့်  တပ်ရင်းအမှတ် ၃၈၀၁၊ တပ်ခွဲ ၄၊ Bamar Revolution Army (BRA)အဖွဲ့ဝင်များ​ဖြစ်ကြသည့် တပ်စုမှူးမိုးစက်၊ နေကြီး၊ ရှိုင်းလေး၊နောက်တိုး၊ မဲလုံး၊ ကြွက်နီတို့ သေဆုံးခဲ့ကြောင်း၊နတ်တလင်းမြို့နယ်ရှိ ဒမငယ်နှင့် ငုတ်တိုရွာအနီးတွင်လည်း အကြမ်းဖက်PDFအဖွဲ့အား တပ်မတော်မှ နယ်မြေရှင်းလင်းလျက်ရှိကြောင်း၊ အကြမ်းဖက်PDFအဖွဲ့များ ထိခိုက်သေဆုံးမှု များပြားလျက်ရှိကြောင်း သိရသည်။

#PAN