(မှုခင်း)ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းတွင် ယနေ့နံနက် ၁၁နာရီ၄၅မိနစ်အချိန်က Nissan Condor (အဖြူရောင်) ယာဉ်သည် ဘရိတ်ပေါက်ပြီး လမ်းဘေးထိုးကျမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်မတော်တဆဖြစ်သည့်နေရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား Ko Ban Rescue ပရဟိတအသင်းမှ ယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PAN