နေပြည်တော်တွင် လင်မယားအချင်းချင်းစကားများရန်ဖြစ်ရာမှ မိန်းမဖြစ်သူ ခေါင်းဖြတ်သတ်ခံရ

(မှုခင်း)ဖေဖော်ဝါရီ ၆

နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာတွင် လင်မယားစကားများရန်ဖြစ်ရာမှ ခေါင်းဖြတ်သတ်ခံရမှုဖြစ်ပွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက် နံနက်၄နာရီခွဲအချိန်က မင်းကုန်းကျေးရွာနေ ဦးဝင်းဇော်ဦး၊ ၄၅ နှစ်၊ (ဘ)ဦးပွ၊ ဇနီးဖြစ်သူ မပူစူးမ၊ ၄၃ နှစ်၊ (ဘ)ဦးမောင်ငယ်၊ တို့သည် စကားများရန်ဖြစ်စဉ် ဝင်းဇော်ဦးမှ ဝါးရိုးတပ် ထင်းခုတ် ဓားဖြင့် ခုတ်ရာ မပူစူးမတွင် ပါးစပ်မှ လည်ပင်းအထိ ဓားဒဏ်ရာများဖြင့် အခင်းဖြစ်ရပ် နေရာတွင် သေဆုံးခဲ့ပြီး ဦးဝင်းဇော်ဦးမှာ ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ လူသတ်မှုကျးလွန်သူ တရားခံ ဦးဝင်းဇော်ဦးအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးရာ ဖေဖော်ဝါရိ ၅ ရက်နေ နံနက်၇နာရီ အချိန်ခန့်တွင် ကံပြားလမ်းဆုံ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။