PDFအကြမ်းဖက်သမား၏ပစ်ခတ်မှု‌ေကြာင့် မကွေးတိုင်းကမြို့နယ်နှစ်ခု၌ အရပ်သား၂ဦး သေဆုံး

(မှုခင်း) ဖေဖော်ဝါရီ

တောင်တွင်းကြီးမြို့နယ်၊ ငှက်ပြောတောကျေးရွာတွင် ဖေဖော်ဝါရီ ၁ရက် နံနက်၁၀နာရီ ၅၀မိနစ် အချိန်ခန့်တွင် အသက်(၆၂)အရွယ်ရှိ ဦးကျော်စိုးသည် အောင်ခိုင်ကျေးရွာမှ ငှက်ပြောတောကျေးရွာသို့ ခြေလျင်ပြန်လာစဉ် ငှက်ပြောတောကျေးရွာသို့ မရောက်မှီ ၎င်းPDFအမည်ခံ အကြမ်းဖက်သမားလေးဦးတို့မှ ဆိုင်ကယ်နှစ်စီးဖြင့် ဦးကျော်စိုးအား အကြောင်းမဲ့ လာရောက်ပစ်ခတ်သွားကြောင်းသိရသည်။

ထိုပစ်ခတ်မှုကြောင့် အသက်(၆၂)အရွယ်ရှိ ဦးကျော်စိုးသည် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ထိုနည်းတူ PDF အကြမ်းဖက်သမားများ၏ အများပြည်သူထိခိုက်စေရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်လိုက်သည့် လက်နက်ကြီးဗုံးသီး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းသို့ မွန်းလွဲ၁နာရီ၃၀မိနစ်တွင် PDFအကြမ်းဖက်သမားများ ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီးကြောင့် ထိုကျေးရွာနေ အသက်(၁၁)နှစ်အရွယ် မောင်ပြည့်စုံဟိန်းမှာ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ဗုံးသီးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ မောင်ပြည့်စုံဟိန်းအား ဇန်နဝါရီ ၃၁ရက် ည၇နာရီအချိန်ခန့်တွင် မန္တလေးတိုင်း‌ ဒေသကြီး၊ချမ်းအေးသာစံမြို့နယ်၊ မန္တလေးပြည်သူ့ဆေးရုံးကြီးသို့ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုခံယူနေစဉ်အတွင်း သေဆုံးသွားကြောင်းသိရသည်။

#PAN