

(ပြည်တွင်း) ဇန်နဝါရီ ၂၉
ပြည်နယ်လွတ်မြောက်ရေးလို့ အကြောင်းပြပြီး ကာမစိတ်ကို မထိန်းနိုင်ဘဲ အတူနေထိုင်နေကြသူ ကချင်သူပုန်အကြမ်းဖက်စုံတွဲ ၁၆ တွဲမှာ တစ်ပြိုတည်း လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ကချင်သူပုန်စုံတွဲ ၁၆ တွဲဟာ ကချင်သူပုန်အဖွဲ့ KIO နယ်မြေမှာ ဇန်နဝါရီလ ၂၇ ရက်နေ့က တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ တစ်ပွဲတည်းမှာ လက်ထပ်ခဲ့ကြတာဖြစ်တယ်လို့ သိရတာ ဖြစ်ပါတယ်။
အတူတူနေထိုင်နေကြတာ ကြာနေပေမယ့် နိုင်ငံရေး၊ စစ်ရေးကြောင့် မင်္ဂလာပွဲမလုပ်ရသေးတဲ့ ကချင်သူပုန်စုံတွဲ ၁၆ တွဲကို စုပေါင်းလက်ထပ်ပွဲ ကျင်းပပေးခဲ့တာဖြစ်တယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အဲဒီပွဲကို တိုင်းဒေသကြီး ၄ခု သတ်မှတ်ထားတဲ့အထဲက KIA တပ်မဟာ(၁)နဲ့ တပ်မဟာ(၇)နယ်မြေတွေပါဝင်တဲ့ KIO အစိုးရ မြောက်ပိုင်းတိုင်း အုပ်ချုပ်ရေးကော်မတီက တာဝန်ယူ ကျင်းပပြုလုပ်ပေးခဲ့တာဖြစ်ကြောင်း မင်္ဂလာဆောင်နှင်းပွဲ အခမ်းအနားမှတ်တမ်းပုံတွေ ဖော်ပြ အသိပေးထားပါတယ်။
ယခင်ကလည်း KIO/KIA အနေနဲ့ ကာမစိတ်တွေမထိန်းနိုင်ဘဲ အတူတူနေထိုင်နေကြတဲ့ သူပုန်တပ်ဖွဲ့ဝင်တွေကို အခုလို စုပေါင်းမင်္ဂလာဆောင်နှင်းပွဲတွေကို ကျင်းပပြုလုပ်ပေးရတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။