မန္တလေး နန်းတွင်းထဲက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လျော့တိုက်ဒုံးပစ်ခတ်တယ်ဆိုတာ သတင်းမှားလို့ ထုတ်ပြန်

(ပြည်တွင်း) ဇန်နဝါရီ ၂၉

မန္တလေးမြို့ နန်းတွင်းက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်ဆိုပြီး အကြမ်းဖက်အားပေးမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေဟာ သတင်းမှားဖြစ်တယ်လို့ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ရေးအဖွဲ့အနေနဲ့ ဘာများပြောချင်ပါသလဲ ပြောဆိုပါတယ်။

ပြီးခဲ့ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၄ နာရီ၃၀ မိနစ်ခန့်မှာ Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင် စီမံမှုနဲ့ No More Dictatorship (NMD-PDF) အဖွဲ့၊ Shadow (Mandalay) အဖွဲ့နဲ့ Infinity (အညာ) အဖွဲ့တို့ ပူးပေါင်းကာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၃ လုံးကို အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ အကြမ်းဖက်မှုတွေနဲ့ သတင်းမှားများစွာကိုဖော်ပြနေတဲ့ ရန်ကုန်ခေတ်သစ်က ဖော်ပြခဲ့ပါတယ်။

ရန်ကုန်ခေတ်သစ်ကထုတ်ပြန်တဲ့အချိန် မနက်အစောပိုင်းဖြစ်လို့ ပေါက်ကွဲမှုဖြစ်ရင်သေခြာပေါက် အသံကြားရမှာဖြစ်ပေမယ့် အဲဒီအချိန် မန္တလေးနန်းတွင်းအထဲမှာ ပေါက်ကွဲသံ တစ်စုံတစ်ရာမကြားရဘူးလို့ မန္တလေးကျုံးပတ်ဝန်းကျင်မှာနေထိုင်သူတွေနဲ့ကပြောပါတယ်။

ပြည်တွင်းသတင်းဌာနအချို့ကတော့ သတင်းဌာနအမည်ခံ အကြမ်းဖက်အုပ်စုဝါဒဖြန့်မီဒီယာတွေက မန္တလေးနန်းတွင်းကို ရှော့တိုက်ဒုံးနဲ့အကြမ်းဖက်တိုက်ခိုက်ခံရတယ်လို့ ရေးနေတာတွေရှိနေတဲ့အပေါ် သတင်းထုတ်ပြန်ရေးအဖွဲ့အနေနဲ့ ဘာများပြောချင်ပါသလဲလို့မေးမြန်းမှုတွေရှိခဲ့ပြီး သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ” မည်သည့် ရှော့တိုက်ဒုံးမှ ကျရောက်ပေါက်ကွဲမှုမရှိပါ။ သတင်းအမှားသာ ဖြစ်ပါတယ်” ထုတ်ပြန်ပြောဆိုထားပါတယ်။

#PAN