တောင်ဥက္ကလာပ ၊ရတနာလမ်းနှင့်သံသုမာလမ်းကြားတွင် မီးလောင်မှုဖြစ်ပွား

(မှုခင်း)ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်၊ ရတနာလမ်းနှင့်သံသုမာလမ်းကြားတွင် ယနေ့ည ၈နာရီခွဲအချိန်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်သည့်နေရာသို့ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သင်္ဃကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ည၈နာရီ ၄၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည ၈နာရီ ၅၃မိနစ် အချိန် တွင်မီးငြိမ်းနိုင်ကြောင်း သိရသည်။