သရက်ချောင်နဲ့ ပုလောမှာ ​ပစ်ခတ်မှုတချို့ရှိနေပေမယ့် မဲရုံတွေမှာ ပြည်သူတွေ မဲပေးနေဆဲ

(ပြည်တွင်း) ဇန်နဝါရီ ၂၅

တနင်္သါရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်နဲ့ ပုလောမြို့နယ်တွေမှာ ရွေးကောက်ပွဲအပိုင်း ၃ ကို ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မနက်ပိုင်းက စတင်ကျင်းပနေတာဖြစ်ပြီး အဲ့ဒီမြို့နယ်တွေက မဲရုံတစ်ချို့ကို PDF တွေက ​နှောင့်ယှက်ပစ်ခတ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

သရက်ချောင်းမြို့နယ် ပန်းပြင်ကျေးရွာက အမက-ပန်းပြင်မှာဖွင့်ထားတဲ့ (မဲရုံ)အနီးကို ဒီနေ့မနက် ၉ နာရီ ၁၅ မိနစ်ခန့်မှာ PDF အကြမ်းဖက်သမားတွေက  Drop ဗုံး ၃ လုံး နဲ့ ပစ်ချတိုက်ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်မှုမရှိဘူးလို့ သိရပြီး မဲရုံကိုဆက်ဖွင့် ထားသလို ပြည်သူတွေဆက်လက်မဲပေးနေတယ်လို့ သိရပါတယ်။

အလားတူ သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာမှာဖွင့်လှစ်ထားတဲ့ ပိန်းတော(မဲရုံ)အနီးကို ဒီနေ့မနက် ၉ နာရီ၄၅ မိနစ်ခန့်မှာ PDF တွေက Drop ဗုံး ၂ လုံးနဲ့တိုက်ခိုက်ပေမယ့် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဒီနေ့မနက် ၃ နာရီ ၄၀မိနစ်အချိန်ခန့်က ပုလောမြို့နယ်က အမှတ် ၃ မဲရုံကို PDF တွေကနေ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့သလို မနက် ၁၀ ခွဲအချိန်ခန့်မှာလည်း ပုလော​မြို့ အမှတ် ၅ မဲရုံရဲ့ အနောက်ဖက်မှာရှိတဲ့ နန်းတောင်တပ်ဂိတ်ကို PDF အကြမ်းဖက်တွေက လက်နက်ငယ်တွေ လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

#PAN