KNA လက်မောင်းတံဆိပ်တပ်ဆင်ထားသူတွေ မြဝတီမြို့ကနေထွက်ခွာရမယ်

(ပြည်တွင်း) ဇန်နဝါရီ ၂၃

ရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းက KNA လက်မောင်းတံဆိပ်တပ်ဆင်ထားသူတွေဟာ မြဝတီမြို့ကနေ ထွက်ခွာပြီး သတ်မှတ်နေရာမှာ ပြန်လည်နေထိုင်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

KNA ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်က တရားဝင်ခွင့်ပြုပေးထားတာမရှိတဲ့အတွက် မြို့ပေါ်မှာ နေထိုင်ခွင့်မပြုဖို့ညွန်ကြားချက်တွေရှိထားတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မြဝတီမြို့လုံခြုံရေးကိစ္စရပ်တွေမှာ (D.K.B.A – KNU-KNLA-PC) NCA တပ်ဖွဲ့တွေက တပ်မတော်နဲ့ ပူးပေါင်းပြီးဆောင်ရွက်မှာဖြစ်ပြီး အမှတ်(၂၇၅)တပ်ရင်း တိုက်ခိုက်ခံရရင် ပြန်လည်ပြီးတုန့်ပြန်ဖို့ မြဝတီမြို့မှာ လေယာဉ်ဗုံးကြဲဖို့ ပွိုင့်(၁၈)နေရာသတ်မှတ်ထားရှိတယ်လို့လည်း သိရပါတယ်။

မြဝတီမြို့မှာရှိတဲ့ (D.K.B.A – KNU-KNLA-PC) တပ်ဖွဲ့ဝင်တွေရဲ့ တပ်တည်တပ်ဖြန့် တည်နေရာတွေနဲ့ စစ်သည်တစ်ဦးချင်းရဲ့ အမည်စာရင်း၊ ဓါတ်ပုံတွေကို တောင်းခံထားပြီး အခုလိုတောင်းခံရတာဟာ တပ်ဖွဲ့ဝင်အယောင်ဆောင်တွေကို တပ်မတော်က စိစစ်အရေးယူဆောင် ရွက်မှုတွေလုပ်ဆောင်ရာမှာ အဆင်ပြေစေဖို့ ဖြစ်တယ်လို့ သိရပါတယ်။