မင်းလှတွင် မီးလောင်မှု့ဖြစ်ပွားရာ မီးသတ်ရေသယ်ယာဥ် ၁၄စီးဖြင့် ငြိမ်းသတ်ခဲ့ရ

(မှုခင်း)ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာတွင် ယနေ့နံနက်၆နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်သည့်နေရာသို့ မင်းလှမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ထန်းကိုင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ဒဟတ်ပင်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ညောင်ဝိုင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ လင်းကယ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊  လက်ပံတံခါး နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရှမ်းတပ်နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရွာသာယာနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ PIC ရေနံချက်စက်ရုံမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် မီးငြိမ်းသတ်ခဲ့ရပြီး နံနက် ၇နာရီအချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးစတင်လောင်ကျွမ်းမှု့ဖြစ်စဥ်နှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။