သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၅ နေရာနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုအား အနီးကပ်လုံခြုံရေးပေးခဲ့သည်ဟု ယူဆရသည့် SSA စခန်းကို သိမ်းဆည်းရမိ

(ပြည်တွင်း) ဇန်နဝါရီ ၂၂

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များသည် အဆိုပါ ဒေသများအတွင်း မူးယစ်ဆေးဝါးချက်လုပ်နေမှုများအား အမြစ်ပြတ်ရှင်းလင်းနိုင်ရေးအတွက် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုများနှင့်အတူ လိုအပ်သည့် လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင်သတင်းဖော်ထုတ်ခြင်းများ ပြုလုပ်၍ နယ်မြေရှင်းလင်းခြင်းများကို ဆက်လက် ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီခန့်တွင် စိန်ကြော့ကျေးရွာ၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော “၁၈၈၈” အမှတ်တံဆိပ်ပါ ထုတ်ပိုးခွံ ပစ္စည်းများထည့်ထားသည့် ဂိုဒေါင်
လုံး၊ ဖန်ပေါင်းအိုး ၁၅ လုံး၊ အခြောက်ခံဗန်း ၂၄ ခုထားရှိသည့် တဲ ၁ လုံး၊ လူနေတဲ ၈ လုံး၊ အပေါင်းခံစက် ၇ လုံးထည့်ထားသည့် တဲ ၁ လုံး၊ (စိစစ်ဆဲ) ဓာတုပစ္စည်း ၅၀၀ အိတ်
ထည့်ထားသည့် ဂိုဒေါင် ၁ လုံး၊ Caustic Soda ထည့်ထားသည့် ဆာလာအိတ် ၁၀၃ အိတ်နှင့် ဆိုဒီယန်ဆာလဖိတ် ထည့်ထားသည့် ဆာလာအိတ် ၂၀၀ အိတ် ထည့်ထားသည့် ဂိုဒေါင် ၁ လုံး၊ ကျောက်ချဉ်အိတ် ၁၈ အိတ်၊ မီးသွေးအမှုန့်အိတ် ၂၈ အိတ်၊ ဂတ်စ်အိုး ၄၆၉ လုံး၊ ရေခဲသေတ္တာ ၃ လုံး၊ စာချက်ဆောင် ၁ လုံး၊ လျှပ်စစ်မီးဖို ၉ လုံး၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်စက် ၂ လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက် ညနေ ၅ နာရီခန့်တွင် မန်ဖြတ်ကျေးရွာ၏ အနောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့် နေရာ၏ အနောက်တောင်ဘက် ၇ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် လူနေတဲ ၁၇ လုံး၊ ဂိုဒေါင် ၈ လုံး၊ မူးယစ်ဆေးဝါးချက်လုပ်သည့်တဲ ၄ လုံး၊ မီးစက်အကြီး ၂ လုံး၊ အက်ဆစ်အပါ(ပလပ်စတစ်)ပေပါအပြာ ၅၄ လုံး၊ ပလပ်စတစ်ပေပါအပြာအခွံ ၁၉၀ လုံး၊ သံပေပါအခွံ ၇၆ လုံး၊ အဖြူရောင် ၅ ဂါလန်ပုံး(အက်ဆစ်အပါ) ၇၅ လုံး၊ Caustic Soda ဆာလာအိတ် ၆၀ အိတ်၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် စတီးပေါင်းအိုး ၁ လုံး၊ ဖန်ပေါင်းအိုးအသေး ၃၉ လုံးတို့အား လည်းကောင်း ညနေ ၆ နာရီခန့်တွင် အဆိုပါနေရာ၏ အနောက်မြောက်ဘက် ၆ ကီလိုမီတာခန့်အကွာ၌
ကော်ပေပါအခွံ ၆၇ လုံး၊ သံပေပါအခွံ ၇ လုံး၊ မီးစက် ၂ လုံး၊ လူနေတဲ ၄ လုံး၊
ကတ်ထူဖာအခွံများ ထည့်ထားသည့် ဂိုဒေါင် ၁ လုံး၊ စားချက်ဆောင် ၁ လုံး၊ ပစ္စည်းတင်စင်(သံဖရိန်) ၆ စင်၊ ဂတ်စ်အိုး ၁ လုံး၊ သစ်ခွဲသားဆိုဒ်စုံ ၅၀ ချောင်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၁၉ ရက် နံနက် ၉ နာရီခန့်တွင် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၁၀ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက်တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အရှေ့မြောက်ဘက် ၉ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် တဲ ၅ လုံး၊ ဂိုဒေါင် ၅ လုံး၊ လူနေတဲ ၈ လုံး၊ ၆ ပေကွိုင်လာ ၅ လုံး၊ ၅ ပေကွိုင်လာ ၅
လုံး၊ စတီးမွှေစက် ၄ လုံး၊ စတီးဗန်း ၆၀ ချပ်၊ မူးယစ်ဆေးဝါးချက်ဖန်ပြွန် ၁၂၀ ခု၊ ဆေးပြားရိုက်စက် ၄ လုံး၊ ဂတ်စ်အိုးအခွံ ၁၂၀ လုံး၊ ပေပါအပြာအခွံ ၂၅၀ လုံး၊ သံပေပါအခွံ
၅၀ လုံး၊ မီးစက်ကြီး ၂ လုံး၊ ၆ ဘီးကားအပြာ ၂ စီးတို့အား  လည်းကောင်း၊ ညနေ ၃
နာရီခန့်တွင် မန်ဖြတ်ကျေးရွာ၏ အနောက်တောင်ဘက် ၁၈ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၈ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့်နေရာ၏ အရှေ့တောင်ဘက် ၄
ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အလျား ၂၅ ပေ အနံ ၁၅ ပေရှိ မိုးကာလူနေတဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၀ ပေရှိ မိုးကာစားချက်
ဆောင် ၁ လုံး၊ ဘတ်ဟိုးယာဉ် ၁ စီးနှင့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၀ ရက် ည ၇ နာရီခန့်တွင် အဆိုပါနေရာ၏ အနောက်တောင်ဘက် ၈ ကီလိုမီတာခန့်အကွာ၌ အွန်လိုင်းလိမ်လည် လောင်းကစားမှု ပြုလုပ်သည့်ဟု ယူဆရသော အလျား ၁၈၀ ပေ အနံ ၅၀ ပေ အမြင့် ၂၂ ပေရှိ  ၂ လုံး၊ အလျား ၁၂၀ ပေ အနံ ၆၀ ပေ အမြင့် ၂၂ ပေရှိ ဆောက်လုပ်ဆဲ နှစ်ထပ် အဆောက်အအုံ ၁ လုံး၊ သွပ်မိုးနှစ်ထပ်အဆောက်အအုံအလျား ၂၀၀ ပေ အနံ ၂၀ ပေ အမြင့် ၁၂ ပေရှိ သံဖရိန်အထပ် သားကာ အဆောက်အုံ ၁ လုံးတို့အားလည်းကောင်း  နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ထပ်မံဖော်ထုတ်
တွေ့ရှိသိမ်းဆည်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၂ ရက် ယနေ့နံနက်ပိုင်းတွင် နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ မန်ဖြတ်ကျေးရွာ၏ အနောက်မြောက်ဘက် ၁၈ ကီလိုမီတာခန့်အကွာ၊ ဇန်နဝါရီ ၁၆ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့သည့် နေရာ၏ အနောက်တောင်ဘက် ၄ ကီလိုမီတာခန့်အကွာသို့ အရောက်၌ SSA အဖွဲ့များနေထိုင်သည့် အလျား ၄၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ လူနေအဆောက်အအုံ ၁ လုံး၊ အလျား ၄၀ အနံ ၂၅ ပေရှိ သွပ်မိုးအုတ်ကာ စားချက်ဆောင် ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးဝါးကာ လူနေတဲ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၁၅ ပေရှိ သွပ်မိုးအုတ်ကာ လူနေတဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၀ ပေရှိ သွပ်မိုးအုတ်ကာလူနေတဲ ၁ လုံး၊ အလျား
၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ လူနေတဲ ၁ လုံး၊ အလျား ၁၀ ပေ အနံ ၁၀ ပေရှိ သွပ်မိုးထရံကာ လူနေတဲ ၁ လုံး၊ မြေစိုက်သစ်လုံးဘန်ကာ ၂ လုံး၊ အကျယ် ၃ ပေ အနက် ၃
ပေ ၊ အရှည် ၃၀၀ ပေရှိ ဆက်သွယ်ရေးမြောင်း ၊ ထရံမိုး ၂ ယောက်အိပ်တဲ ၂ လုံး၊ ထရံမိုး ၅ ယောက်အိပ်တဲ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၁၂ ပေရှိ သွပ်မိုးအုတ်ကာအဆောက်အုံ ၁
လုံး၊ အလျား ၁၅ ပေ အနံ ၁၂ ပေရှိ သွပ်မိုးအုတ်ကာအဆောက်အအုံ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၂၄ ပေရှိ သွပ်မိုးပျဉ်ကာ ၂ ထပ် အဆောက်အအုံ ၁ လုံး၊ အလျား ၃၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုးအုတ်ကာ အဆောက်အအုံ ၁ လုံး၊ အလျား ၂၀ ပေ အနံ ၂၀ ပေရှိ သွပ်မိုး၄
အုတ်ကာ အဆောက်အအုံ ၁ လုံး၊ အလျား ၂၄ ပေ အနံ ၁၅ ပေရှိ သွပ်မိုးအုတ် (ကားဂိုဒေါင်ပါ) အဆောက်အအုံ ၁ လုံး၊ အလျား ၁၂ ပေ အနံ ၈ ပေရှိ သွပ်မိုးအုတ်ကာ
(ရေချိုးခန်း) အဆောက်အအုံ ၁ လုံး အလျား ၁၀ ပေ အနံ ၅ ပေရှိ သွပ်မိုးအုတ်ကာ ( ၂ လုံးတွဲအိမ်သာ) အဆောက်အအုံ ၁ လုံး၊ အလျား ၆ ပေ အနံ ၆ ပေရှိ သွပ်မိုးအုတ်ကာ
ကင်းစောင့်တဲ ၁ လုံး တို့ဖြင့် အခိုင်အမာတည်ဆောက်လျက် မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုအား အနီးကပ်လုံခြုံရေးပေးခဲ့သည်ဟု ယူဆရသည့် SSA လက်နက်ကိုင် အဖွဲ့အစည်းအင်အားစုအချို့ နေထိုင်ခဲ့သည့် စခန်းကြီးတစ်ခုအား ပစ်ခတ်ခုခံမှု မရှိဘဲ ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်း မြေပြင် သတင်းဖော်ထုတ်ပြီး ဒေသခံပြည်သူများ၏ သတင်း ပေးပို့၍ ပူးပေါင်းပါဝင်မှုတို့နှင့်အတူ အွန်လိုင်းလိမ်လည်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများကို အဖွဲ့စုံပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ကြောင်းများခွဲ၍ ဖော်ထုတ် ရှင်းလင်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့မှ ဇန်နဝါရီ ၂၂ ရက်နေ့အထိ အဆိုပါဒေသအတွင်း မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာ ၁၃ နေရာနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ပြုလုပ်သည့်နေရာဟု ယူဆရသည့်နေရာ ၂ နေရာတို့ကို
ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့ကာ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအမြောက်အများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့ပြီး အဆိုပါ မူးယစ်
ဆေးဝါးချက်လုပ်သည့် နေရာများအနီး တစ်ဝိုက်တွင် SSA အဖွဲ့၏ ကာကင်းစခန်း ၁ ခုနှင့် အခိုင်အမာတည်ဆောက်ထားသည့် စခန်းနေရာ ၁ ခုတို့ကို တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ပစ္စည်းများကို ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ဆက်လက်စစ်ဆေး၍ သက်ဆိုင်ရာ ဌာနများသို့
လွှဲပြောင်းအပ်နှံခြင်း၊ စနစ်တကျမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းများ ဆက်လက် ဆောင်ရွက်
သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းများရရှိပါကလည်း တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ကြရန်လိုအပ်ကြောင်းနှင့် ဖမ်းဆီးရမိ မူးယစ်ဆေးဝါး
ဖြစ်စဉ်များတွင် အဓိကပါဝင်ပတ်သက်လျက်ရှိသည့် မည်သည့်အဖွဲ့အစည်းကိုမဆိုထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းသတင်းထုတ်ပြန်ချက်အရ သိရသည်။

#PAN