


(ပြည်တွင်း) ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ မာန်ဟဲကျေးရွာမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အမည်ခံ PDF အကြမ်းဖက်သမားစခန်းတစ်ခုကို မြန်မာ့တပ်မတော်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၁၁ နာရီခန့်က မော်လူးဒေသက မာန်ဟဲရွာမှာရှိတဲ့ PDF အကြမ်းဖက်စခန်းတစ်ခုကို တပ်မတော်က တိုက်လေယာဉ်တစ်စင်းနဲ့ ဗုံး(၂)လုံး ကြဲချခဲ့တာဖြစ်တယ်လို့ အကြမ်းဖက်မီဒီယာတွေရဲ့ ရေးသားချက်တွေအရ သိရပါတယ်။
ဗုံးကြဲခံရတဲ့နေ အကြမ်းဖက်စခန်းဟာ မာန်ဟဲကျေးရွာထိပ်မှာရှိတဲ့ ဆေးပေးခန်းနေရာမှာ အကြမ်းဖက်သမားတွေက ရုံးခန်းဖွင့်လှစ်ကာ စခန်းချနေထိုင်နေကြတဲ့ စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးကြဲမှုကြောင့် ကချင်လက်နက်ကိုင်သောင်းကျန်းသူ KIA အဖွဲ့ဝင် ၁ ဦးနဲ့ PDF အကြမ်းဖက်သမား ၄ ဦး သေဆုံးသွားခဲ့ပြီး အကြမ်းဖက်စခန်းချနေတဲ့ ကျေးလက်ဆေးပေးခန်းမှာလည်း မွစာကြဲသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း ကောလင်းမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ အကြမ်းဖက်စခန်းတစ်ခုကို တပ်မတော်က လေကြောင်းတိုက်ခိုက်ခဲ့လို့ ခရိုင်အဆင့်တာဝန်ရှိတ့ အကြမ်းဖက်သမား ၇ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။