



(ပြည်တွင်း) ဇန်နဝါရီ ၂၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနဲ့ ဘယ်လာရုစ်နိုင်ငံ ဘယ်လာယာရပ်စ်ပါတီအကြား ပါတီချင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ လက်မှတ်ရေးထိုးအခမ်းအနားကို ဒီနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့မှာရှိတဲ့ Sky Star ဟိုတယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လက်မှတ်ရေးထိုးပွဲကို ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီ၊ ပါတီဒုတိယဥက္ကဌတွေဖြစ်ကြတဲ့ ဦးလှထွန်း၊ ဦးမြတ်ဟိန်း၊ ပါတီဗဟိုအလုပ်ဆောင်တွေဖြစ်ကြတဲ့ ဦးမောင်မြင့်၊ ဦးခင်မောင်စိုး၊ ဦးအောင်စိုးတို့ တက်ရောက်ပြီး ဘယ်လာယာရပ်စ်ပါတီဥက္ကဌ မစ္စ အော်ဂါ ချီမိုဒာနိုဗာ ဦးဆောင်တဲ့အဖွဲ့တို့တက်ရောက်တယ်လို့ သိရပါတယ်။
ဘယ်လာယာရပ်စ်ပါတီဥက္ကဌ မစ္စ အော်ဂါ ချီမိုဒာနိုဗာ ဦးဆောင်တဲ့အဖွဲ့ဟာ ရွေးကောက်ပွဲအပိုင်း (၃)ကို လေ့လာဖို့အတွက် လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေကို ဦးဆောင်ကာ မြန်မာနိုင်ငံကိုရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့မှာတော့ နှစ်ဖက်ပါတီတာဝန်ရှိသူတွေဟာ ဦးစွာသီးခြားတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြသလို ပါတီနှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေကို ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီနဲ့ ဘယ်လာယာရပ်စ်ပါတီဥက္ကဌ မစ္စ အော်ဂါ ချီမိုဒာနိုဗာ တို့က လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
အခုလက်မှတ်ရေးထိုးမှုဟာ ၂၀၂၅ ခုနှစ် မေ ၁၆ ရက်က ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ဘယ်လာယာရပ်စ်ပါတီတို့ နှစ်ပါတီ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးခင်ရီသွားရောက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အဲ့ဒီ လက်မှတ်ရေးထိုးခဲ့တဲ့သဘောတူညီချက်အပေါ် အကောင်အထည်ဖော်မယ့် Roadmap ပါ လုပ်ငန်းစဉ်တွေကို ယခုဆက်လက်ပြီး လက်မှတ်ရေးထိုးတာဖြစ်တယ်လို့ သိရပါတယ်။