ကလေးဝမြို့တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ပိုင်ရှင် ဦးစန်းခိုင်ရဲ့ (၂၄x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်မီးဖိုးဆောင်မှ မီးဖိုမီးကြွင်းမီးကျန်ကတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနေရာသို့ ကလေးဝမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၃)စီးဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၅၀ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် (၂၄x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ် (၁)လုံး၊ (၁၃x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ် (၁)လုံး၊ စုစုပေါင်း နေအိမ် (၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးစန်းခိုင်(၃၇)နှစ်အား ကလေးဝမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။