ကြို့ပင်ကောက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်PDFအဖွဲ့တို့ ထိတွေတိုက်ပွဲဖြစ်ပွားရာ အလောင်း ၃ လောင်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

(မှုခင်း)ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ရှမ်းလမ်းကွင်းကျေးရွာလမ်းဆုံတွင် လုံခြုံရေးဆောင်ရွက်ရွက်နေသည့် လုံခြုံရေးပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်PDFအဖွဲ့တို့ ထိတွေတိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

ယနေ့နံနက် ၃နာရီ၅၅မိနစ်အချိန်က ရန်ကုန်-ပြည်လမ်းနှင့် ရှမ်းကွင်းကျေးရွာ လမ်းဆုံတွင်ဦးကျော်သက် ဦးစီး(၁၀)ဦးတို့သည် ပိတ်ဆို့လုံခြုံရေးဆောင်ရွက်လျက်ရှိစဉ် ရှမ်းကွင်းကျေးရွာဘက်မှ အကြမ်းဖက် PDFအင်အား(၂၅)ဦးအဖွဲ့သည် လက်နက်ငယ်/လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက် ၄နာရီ၃၅ မိနစ်အချိန် ပစ်ခတ်မှုရပ်ခဲ့ပြီး အကြမ်းဖက်သမားများသည် လာရာလမ်းအတိုင်း ရှမ်းကွင်းကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်သမားများ ဆုတ်ခွာရာ လမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးပူးပေါင်းအဖွဲ့မှ လိုက်လံရှင်းလင်းခဲ့ရာ ရန်သူ့ထံမှ အလောင်း (၃)လောင်း၊ MA-3 (၁)လက်၊ ကျည်(၂၁၇)တောင့်၊ ၅.၅၆ ကျည်(၉၆)တောင့်၊ ကျည်ဘောက်(၁)ခုတို့အား သိမ်းဆည်းရရှိခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာရာလမ်းကြောင်းတစ်လျှောက်အား ဆက်လက်၍ လိုက်လံရှင်းလင်းရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။