




(မှုခင်း)ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ ကံမမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မဲရုံများလိုက်လံစစ်ဆေးစဥ် အကြမ်းဖက်အဖွဲ့၏ ဝိုင်းဝန်းပစ်ခေတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။
ယမန်နေ့ မွန်းတည့်ချိန်က ကံမမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်နှင့် လုံခြုံရေး ၃ဦးတို့သည် မော်တော်ယာဥ်(၂)စီးဖြင့် ကံမမြို့နယ်အတွင်းရှိ မဲရုံများလုံခြုံရေးလိုက်လံ စစ်ဆေး ခဲ့ရာ ပြောင်ကျကျေးရွာနှင့် ပယ်ကျကျေးရွာ အကြားအရောက်တွင် အကြမ်းဖက် PDF အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်dFအဖွဲ့ဝိုင်းဝန်းပစ်ခတ်မှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းနိုင်တွင် ဝမ်းဗိုက်ထိမှန် ဒဏ်ရာ(၁)ချက်၊ယာလက်ကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်ရရှိကာ သေဆုံးသွားခဲ့ပြီး ယာဉ်မောင်း ဦးသန့်ဇင်အောင်တွင် နောက်ကျော(၂)ချက်၊ လက်ဖျံ(၁)ချက် ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။