
(ပြည်တွင်း) ဇန်နဝါရီ ၇
ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်နဲ့ စီးပွားရေးပညာဌာနမှ ဦးစီး၍ Post Graduate Diploma in Business (PGDB) သင်တန်းကို Online နဲ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ လျှောက်ထား နိုင်ပြီး မတ်လ ၁ ရက်မှာ သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ကာ သင်တန်းကာလ ၁၀ လ သတ်မှတ်ထားပါတယ်။
လျှောက်လွှာများကို ဇန်နဝါရီလ ၁၉ ရက်မှစတင်၍ စတင်လက်ခံမည်ဖြစ်ပြီး ဇန်နဝါရီလ ၃၀ ရက်မှာ လျှောက်လွှာ ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။
သင်တန်းလျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ်၏ https://ecohrd.yude.edu.mmwebsite မှာ နံနက် ၉ နာရီမှစတင်၍ Online registration ပြုလုပ်၍ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။
ကျောင်းအပ်နှံရာတွင် လိုင်စင်ဓါတ်ပုံ ၃ ပုံ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူနှစ်စုံနှင့် ဘွဲ့လက်မှတ်၊ တက္ကသိုလ်ဝင်တန်းအောင် လက်မှတ် စတဲ့အထောက်အထားများကို ပူးတွဲ၍ တင်ပြလျှောက်ရမှာ ဖြစ်ပါတယ်။
သင်တန်းသားဦးရေကို ကန့်သတ်ထားပြီး သတ်မှတ်ဦးရေပြည့်ပါက register ပိတ်မည်ဖြစ်ပြီး သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံပြီး Online registration အောင်မြင်သူများကို email နဲ့ အကြောင်းပြန်ကြားပေးမှာ ဖြစ်ပါတယ်။