(မှု့ခင်း)ဇန်နဝါရီ ၆
မင်္ဂလာဒုံမြို့နယ်၊သင်္ဃန်းကျွန်းကြီးကျေးရွာ၊ဇောတိက ၁ လမ်းရှိ ခြံအတွင်းရပ်နားထားသည့် Expressယာဉ်နှစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ မွန်းလွဲ၂နာရီ၄၀မိနစ်အချိန်က မင်္ဂလာဒုံဖြို့နယ်အမှတ် (၇) ရှိ ဦးနေလင်းကျော်(၄၄)နှစ်(ဘ) ဦးဝင်းမြင့်ပိုင်ဆိုင်သော ခြံအတွင်းရပ်ထားသော ၎င်းပိုင်ဆိုင်သောYGN-34/1R-6038Sunlong အဝါရောင်နှင်းချယ်ရီယာဉ်လိုင်းExpressယာဉ်တစ်စီးမှ ယာဉ်တာဝန်ခံ၊ယာဉ်မောင်း ကိုကျော်ကျော်ဟန်(၄၆)နှစ်၊(ဘ)ဦးမိ၊ မြို့သစ်(၁)လမ်း၊သီရီဟေမာရပ်ကွက်၊ထန်းတပင်မြို့နယ်နေထိုင်သူက အထက်ပါယာဉ်အား ကားစက်နိုးပြီး သော့ပြန်ပိတ်ရာ လော့မကျ၍ ဘထ္ထရီမှတဆင့်ရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုကြောင့် ယာဉ်ဘေးတွင် ရပ်ထားသောYGN-34/7Q-8219 SC NEUStarExpressယာဉ်အား ကူးစပ်လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ၂နာရီ၄၅မိနစ် အချိန်တွင် မင်္ဂလာဒုံမြို့နယ် မီးသတ်ယာဉ် ၄ စီး ၊ရေတင်ယာဉ် ၁ စီးဖြင့် မီးငြိမ်းသတ်လျက်ရှိပြီးမွန်းလွဲ ၃နာရီ၁၅မိနစ်အချိန်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။



