ပြည်ထောင်စုနယ်မြေအတွင်း မဲရုံများဖွင့်လှစ်ထားရှိမှုကို UEC ဥက္ကဋ္ဌ ကြည့်ရှုစစ်ဆေး

(ပြည်တွင်း) ဒီဇင်ဘာ ၂၆

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စု နယ်မြေအတွင်း မဲရုံများဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲက ပုဗ္ဗသီရိမြိုနယ်၊ ပျဉ်းမနားမြိုနယ်နှင့် ဇမ္ဗူသီရိမြိုနယ် တို၌ မဲရုံများဖွင့်လှစ်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ မဲရုံတာ ဝန်ရှိသူများက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲရုံများ၌ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုမဲပေးရာတွင် အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာပါက နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး၊ မဲရုံတွင် လိုအပ်ချက် များမရှိစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။

#PAN