(ပြည်တွင်း) ဒီဇင်ဘာ ၂၅
ဧရာဝတီဆိုတဲ့ အမည်နာမနဲ့ ရုပ်ဝတ္ထုကို သမိုင်းထဲမှာပဲ ခမ်းနားနေတာမျိုး၊ မြေပုံပေါ်မှာပဲ လှပနေတာမျိုးနဲ့ ကျေနပ်နေလို့ မရဘူးလို့ ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဦးမျိုးဇော်သိမ်းက ပြောဆိုလိုက်ပါတယ်။

ပုသိမ်သူ ပုသိမ်သားတွေအတွက် ဧရာဝတီဟာ ရေကြောင်းကုန်သွယ်မှု၊ စိုက်ပျိုး၊ ကုန်ထုတ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသခံတွေရဲ့ လူနေမှုဘဝကို ပြောင်းလဲစေမှုတွေကို ဖြစ်စေနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဧရာဝတီအဖြစ် အသုံးချနိုင်ဖို့ လိုအပ်လို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ(၂၁)နေ့က ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ်၊ကိုးသိန်းအားကစားခန်းမမှာကျင်းပပြုလုပ်တဲ့ ပုသိမ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေတွေ့ဆုံမိတ်ဆက်ပွဲကို တက်ရောက်အမှာစကားပြောကြားခဲ့ ပြောကြားခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးမျိုးဇော်သိမ်းက ပြောပါတယ်။
“ဧရာဝတီဆိုတာ မြန်မာတွေအတွက် အသည်းထက်အက္ခရာ တင်ထားခံရတဲ့ ကမ္ပည်းနာမ ဖြစ်ပါတယ်… မြစ်ဧရာဝတီဆိုတာ မြန်မာတို့ရဲ့ ပင်မအသက်သွေးကြောတစ်ခုဖြစ်သလို ဆန်စပါးနဲ့ သားငါးပုစွန်တွေ ပေါများရာ နိုင်ငံရဲ့ မီးဖိုချောင်တစ်ခုသဖွယ်ဖြစ်နေတဲ့ တိုင်းဧရာဝတီဆိုတာဟာလည်း ကျွန်တော်တို့နိုင်ငံအတွက် အသက်သွေးကြောတစ်ခုဆိုရင်လည်း မမှားပါဘူး” လို့ သူက အခမ်းအနားမှာပြောပါတယ်။

ပုသိမ်မြို့ဟာ ပုသိမ်မြစ်လို့ခေါ်ဝေါ်တဲ့ ငဝန်မြစ်ပေါ်မှာ သမိုင်းကြောင်းအစဉ်အလာတွေနဲ့တည်ထားတဲ့ တိုင်းဧရာဝတီရဲ့ ရှေးဟောင်း မြို့တော်ကြီးတစ်မြို့လည်းဖြစ်ပြီး ပင်လယ်ဝကနေ ၇၅ မိုင်အကွာမှာ တည်ရှိတာကြောင့် ပင်လယ်ကူး သင်္ဘောကြီးတွေ ဝင်ထွက်သွားလာနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ကုန်းတွင်းအကျဆုံး ပင်လယ်ဆိပ်ကမ်းမြို့ကြီးလည်းဖြစ်သလို မြန်မာတွေရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေထဲက တစ်ခုဖြစ်တဲ့ ပုသိမ်ထီးပေါ်ထွက်ရာ အင်မတန်လှပကျော့ရှင်းတဲ့ မြို့လေးတစ်မြို့လည်းဖြစ်တယ်လို့ ဆိုပါတယ်။
ပုသိမ်သူ ပုသိမ်သားတွေအတွက် ဧရာဝတီဟာ ရေကြောင်းကုန်သွယ်မှု၊ စိုက်ပျိုး၊ ကုန်ထုတ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ဒေသခံတွေရဲ့ လူနေမှုဘဝကို ပြောင်းလဲစေမှုတွေကို ဖြစ်စေနိုင်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဧရာဝတီအဖြစ် အသုံးချနိုင်ဖို့ လိုအပ်တယ်လို့လည်း သူကပြောပါတယ်။
ကာလတိုအတွင်းမှာ ပုသိမ်ရဲ့ အားသာချက်တွေ ပြန်အသက်ဝင်လာပါလိမ့်မယ်လို့သူ့ကဆိုပါတယ်။
ရေမြေသဘာဝ၊ လူ့စွမ်းအား၊ သယံဇာတ စုံလင်တဲ့ ဧရာဝတီ မှာ တမူထူးခြားစွာ လမ်းကွန်ယက်တွေ များပြားကောင်းမွန်နေတာကြောင့် ရှေးယခင်ထက် လမ်းပန်းဆက်သွယ်မှု၊ ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန် ဖွံ့ဖြိုးတိုးတက်လာတာကို အငြင်းပွါးဖွယ် မရှိပါဘူးလို့လည်း သူကပြောပါတယ်။

“ဒါပေမယ့် ကျေးရွာအနှံ့ လျှပ်စစ်စွမ်းအင် ရရှိရေးက အလွန်အရေးကြီးလှပြီး ဒါမှသာ ဒေသအလိုက် ကုန်ထုတ်စွမ်းအား မြှင့်တင်ခြင်းဆိုင်ရာ ကိစ္စရပ်တွေ၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာခြင်းဆိုင်ရာ ကိစ္စရပ်တွေ၊ လျှပ်စစ်စွမ်းအင်နဲ့ တူယှဉ်တွဲပြီး ဖြစ်ပေါ်တိုးတက်လာမယ့် ခေတ်သစ်အခြေခံအဆောက်အဦဖြစ်တဲ့ အင်တာနက်ကွန်ယက်မှသည် ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေ၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ဆိုင်ရာ ကိစ္စရပ်တွေ၊ ကုန်စည်ရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်တွေ၊ လူငယ်တွေ အိုးမကွာအိမ်မဝေး အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာကိစ္စရပ်တွေ စသည်တို့ဟာ ကမ္ဘာနဲ့ မဝေးတော့တာမို့ ဧရာဝတီကို အသုံးချပြီး လျှပ်စစ်စွမ်းအင် လုံလောက်စွာရရှိရေးဟာ အလင်းရောင်အတွက်သာ မဟုတ်ဘဲ ဧရာဝတီသား ပုသိမ်သူ ပုသိမ်သားတွေ အတွက် အနာဂတ် ဖြစ်တယ်” ဦးမျိုးဇော်သိမ်းကပြောပါတယ်။
ရှိရင်းစွဲ လှပကျော့ရှင်းနေတဲ့ ပုသိမ်၊ ဧရာဝတီကို ဖွံဖြိုးတိုးတက်ပြီး ပိုမိုခိုင်မာတဲ့ ခေတ်တစ်ခေတ်ဆီကို ပြောင်းလဲဖို့ အရည်အချင်းနဲ့လုပ်ရည်ကိုင်ရည်အပြည့်ရှိကြတဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မဲပေးကာ အတူတကွ ပုံဖော်ထုဆစ်ကြဖို့ကိုလည်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိမ်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကလည်း ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီရုံးရဲ့ ရုံးကွင်းပြင်အတွင်းမှာ ပါတီဝင်တွေ၊ ပါတီကို ထောက်ခံဝန်းရံသူတွေနဲ့ တွေ့ဆုံခဲ့တာရှိသလို ပုသိမ်မြို့ရဲ့ ကိုးသိန်းအားကစားခန်းမမှာ ပုသိမ်မြို့မှာရှိတဲ့ ပါတီဝင်တွေ၊ ပါတီထောက်ခံဝန်းရံသူတွေ ထောင်နဲ့ချီကို တွေ့ဆုံခွင့်ရရှိခဲ့တယ်လို့ ဦးမျိုးဇော်သိမ်းကပြောဆိုခဲ့ပါတယ်။
#PAN