
(ပြည်တွင်း) ဒီဇင်ဘာ ၂၄
အောက်တိုဘာလ ၂၆ ရက်တွင် ကျင်းပစစ်ဆေးခဲ့သည့် ခုနစ်နိုင်ငံအသိအမှတ်ပြု ITPEC Exam အောင်လက်မှတ် ချီးမြှင့်ပေးအပ်ပွဲကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်၌ လှိုင်မြို့နယ်ရှိ MICT Park, Conference Hall ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်မည့် အောင်မြင်သူများသည် DOCS. GOOGLE.COM Link သို့ဝင်ရောက်ပြီး စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
စာရင်းပေးသွင်းထားခြင်း မရှိသူများအား အောင်လက်မှတ်ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် အောင်လက်မှတ်ပေးအပ်မည်မဟုတ်ဘဲ သီးသန့်ထုတ်ယူရမှာ ဖြစ်ပါတယ်။
အောင်လက်မှတ်ကို တက်ရောက်ယူလိုခြင်း မရှိသူများအနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းရုံးခန်း MICT Park (သို့မဟုတ်) သက်ဆိုင်ရာသင်တန်း ကျောင်းများတွင် သွားရောက်ထုတ်ယူနိုင်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ အောင်မြင်သူများက သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးရှိ ကွန်ပျူတာပညာရှင်အသင်းရုံးများသို့ ဆက်သွယ်၍ အောင်လက်မှတ်များ ထုတ်ယူ နိုင်ကြောင်း သိရပါတယ်။