



(ပြည်တွင်း) ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ကနေ ဝင်ရာက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ မဲဆန္ဒရှင်တွေဖြစ်တဲ့ မြို့ခံလူထုနဲ့တွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းတက်ရောက်တယ်လို့ ပါတီရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက် ၉ နာရီခန့်က စစ်ကိုင်းမြို့ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ နှစ်( ၇၀၀) အားကစားကွင်းမှာကျင်းတဲ့ အဆိုပါတွေ့ဆုံပွဲကို စစ်ကိုင်းမြို့ကနေဝင်ရောက်ယှဉ်ပြိုင်ကြမယ့် စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ပုံ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းတင့်နဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းမင်းဇေယျာမြင့်တို့တက်ရာက်ကြပြီး မဲဆန္ဒရှင်တွေနဲ့ မိတ်ဆက်စကားတွေပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
လူထုတွေ့ဆုံမဲဆွယ်ပွဲကို ဒေသခံပြည်သူအင်အား ၁၅၀၀ ကျော်တက်ရောက်ယ်လို့ သိရပြီး ပါတီအောင်နိုင်ရေးအလံ ပေးအပ်တာတွေ၊ အနုပညာရှင်တွေက ဖျော်ဖြေတာတွေပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။